memo 10

3.3K 260 12
                                    

[ZawGyi]

✉ ✆
နောက်​တစ်​ပတ်​ကြ​တော့ စာတိုက်​က​နေ စာ​ရောက်​လာတယ်​။ ဟန်​မင်း​ထွေးဆီက​ပေါ့။ တစ်​ပတ်​အတွင်း သူတို့ ပြန်​အဆင်​​ပြေသွားကြပုံပဲ။

ဒါကို မြင်​တဲ့​သော်​ဇင်​က ချစ်​သူ​အောင်​နား လာပြီး​ပြောတယ်​။

"လင်းသူ​တော့ ပြန်​အဆင်​​ပြေသွားပုံပဲ​နော်​။ ဟိုက ဘယ်​လို​ချော့လိုက်​လဲ မသိဘူး" ဆိုပြီး ရယ်​​နေတယ်

" ဟန်​မင်း​ထွေးက လင်းသူကို လှည့်​စား​နေတယ်လို့ မထင်ဘူးလား​​။ သူ့ကို ဒီတိုင်းထားရင်​ ​နောက်​တစ်​ခါ ထပ်​ခံရဦးမှာ ​သေချာတယ်​။ လင်းသူက အ​​လေးအနက်ထား​​နေသ​​လောက်​​ ဟန်​မင်း​ထွေးက အစစ်​အမှန်​မှ မရှိတာကွာ။ သူ့အ​ပေါ်မ​ကောင်းတာ​တော့ သူသိ​အောင်​ လုပ်​​ပေးရမယ်​ကွ" ဆိုပြီး ရုပ်​တည်​နဲ့ ​ပြော​တော့ ​သော်​ဇင်​က

" ဟာ သွားမလုပ်​နဲ့​နော်​။ မင်းပဲ ကြားညှပ်​မယ်​။ လင်းသူက အ​ကောင်းမြင်​​နေတဲ့ဟာကို မင်းကသွား​ပြောရင်​ မင်းပဲ မ​ကောင်းဘူးထင်​ခံရမှာ ​သေချာတာကိုကွာ"

" ဒါ​​တော့ငါမသိဘူး။ ဒါ​ပေမယ့်​ လင်းသူက ဟန်​မင်း​ထွေးကို သူ့ကမ္ဘာထင်​ပြီး ခံစား​နေတာ​​လေ။ သူ့အ​​ပေါ်​ကောင်းတဲ့ ငါတို့​တွေရှိ​သေးတာကို​တော့ မြင်​ပုံမရဘူး" ဆိုပြီး ခပ်​မဲ့မဲ့နဲ့ ​ပြော​နေတဲ့ ချစ်​သူ​အောင်​ကို ကြည့်​ပြီး ​သော်​ဇင်​က ရယ်​​နေတယ်​။ ချစ်​သူ​အောင်​က ဆက်​​ပြောတယ်

" မင်းစဉ်းစားကြည့်​စမ်းပါ ... လင်းသူက ဟန်​မင်း​ထွေးတ​ယောက်​ပဲ ရင်းရင်းနှီးနှီးနဲ့ အနားကပ်​ခံတယ်​ဆိုတာ တကယ်​​တော့ normal မဟုတ်​ဘူးကွ.... သူ့မှာ သူငယ်​ချင်းအရင်း​တွေမရှိခဲ့တာ​ကြောင့်​လည်း ပါမယ်​။ ဘာပဲဖြစ်​ဖြစ်​ အဲ့ဒီ သီးသန့်​​ဆန်​ချင်​တဲ့ ​ရောဂါကို ကုမှဖြစ်​မယ်​။ ဒါက Introvert အဆင့်​မဟုတ်​​တော့ဘူး။

ချစ်​သူ​အောင်​က အတည်​ကို ​ပြော​နေတာပါ။သော်​ဇင်​က​တော့ မင်းတို့ ရန်​သတ်​ရင်​သာ ငါ့ကို မ​ခေါ်နဲ့တဲ့။

You Are The Other Half Of MeWhere stories live. Discover now