memo 16

3K 235 22
                                    

[ZawGyi]

ဒီတစ်​လက သူတို့​ရုံးမှာ အလုပ်​ရှုပ်​တဲ့လဆို​တော့ OT(Overtime) ​တွေ အမြဲဆင်း​နေရတယ်​။ အလုပ်​​တွေက ပီးခါနီး​ရက်​​တွေဖြစ်​​လေ OT ​တွေက ညနက်​နက်​လာတယ်​။ ဒီ​နေ့လည်း သူတို့တစ်​ရုံးလုံး ၁၂ နာရီ​ကျော်​တာ​တောင်​ အလုပ်​မပီး​သေးဘူး။ မနက်​ဖြန်​မနက်​ကို အပီး​ဖြစ်​​နေရမယ့်​ အလုပ်​​တွေက အခုထိ မပီး​သေးနိုင်​ဘူး​လေ။

" ကြည့်​ရတာ ​နောက်​ထပ်​ တစ်​နာရီ​လောက်​က​တော့ ကြာအုံးမယ်​ထင်​တယ်​ "

သော်​ဇင်​က ညည်း​နေတာပါ။ တစ်​ကယ်​လည်း ​သော်​ဇင်​​ပြောတဲ့အတိုင်းပဲ တစ်​နာရီ​ကျော်​သွားပါတယ်​။ အလုပ်​​တွေလည်း လက်​စသတ်​ပီး​ရော ၁ နာရီခွဲခါနီး​ဖြစ်​​နေပီ​လေ။

ကိုဖြိုးက " မင်းတို့နှစ်​​ယောက်​ ဘယ်​လိုပြန်​ကြမလဲ။ အကိုက​တော့ အိမ်​က​ညီ​တွေ ​ခေါ်ထားတယ်​။ ဒီချိန်​ကြီး တစ်​​ယောက်​တည်း​တော့ မပြန်​ကြနဲ့​နော်​။ ညဘက်​ကို လုယက်​မှု​တွေများတယ်​။ ​တော်​ကြာ အလကား ​အရိုက်​ခံ​နေရအုံးမယ်​ "

" ဟုတ်​တယ်​​လေ.... ချစ်​သူ​အောင်​က အိမ်​နဲနဲ​ဝေးပြီး အဲ့ဘက်​လမ်းကလည်း လူပြတ်​တယ်​ဆို​တော့ ဒီ​နေ့ည​တော့ ငါ့အ​ဆောင်​မှာပဲ အိပ်​လိုက်​ပါလား။ ​လင်းသူ​ ... မင်းလည်း အိမ်​မ​ဝေးဘူးဆို​ပေမယ့်​ တစ်​​ယောက်​တည်း​တော့ မ​ကောင်းဘူး။ ပြန်​မ​နေပါနဲ့ကွာ "

သော်​ဇင်​က ​ပြော​တော့ ချစ်​သူ​အောင်​လည်း စဉ်းစားပြီး ...

" ​​မင်းဆီမှာပဲ အိပ်​မယ်​ကွာ... အိမ်​ပြန်​ရင်​လည်း နှစ်​နာရီ​လောက်မှ ပြန်​​ရောက်​မှာ ။ အ​ဆောင်​က​ ဒီနားတင်​ဆို​တော့ မြန်​မြန်​နားရတာ​ပေါ့။ နားချင်​ပီကွာ"

လင်းသူက​တော့ စဉ်းစား​နေတဲ့ပုံနဲ့ ....

" ငါတို့နှစ်​​ယောက်​လုံး လာအိပ်​လို့ ​ဖြစ်​ရဲ့လား? ခြင်​​ထောင်​တို့ ​ခေါင်းအုံးတို့​ရော ရှိရဲ့လား " တဲ့

သော်​ဇင်​က ရယ်​ပီး .... "စိတ်​ပူမ​နေပါနဲ့။ အပိုရှိပါတယ်​ဟ " လို့ ​ပြောလိုက်​တယ်​။

You Are The Other Half Of MeWhere stories live. Discover now