memo 25

2.9K 215 19
                                    

"ZawGyi"

မနက်​​စော​စောမှာပဲ သူ့ရဲ့ဖုန်းက နှိုးစက်​သံမြည်​လာ​တော့တယ်​။ ချစ်​သူ​အောင်​ ညကအိပ်​​ရေးပျက်​ထားလို့ မနက်​ပိုင်းကို အီး​လေးဆွဲပြီး ထဖို့ကြံစည်​လိုက်​ပီးမှ လင်းသူ​နဲ့ ချိန်းထားတာကို သတိရသွားတယ်​။ ညတုန်းက ၁၂နာရီထိုးတဲ့ထိ ​စောင့်​ပြီး လင်းသူကို Birthday wish  လုပ်​​ပေးခဲ့တာဆို​တော့ အိပ်​​ရေးပျက်​ထားတယ်​​လေ။ပြီး​တော့လည်း ​သူက ဘာလုပ်​လုပ်​ အမြဲကြာတတ်​တဲ့သူဆို​တော့ ... မဖြစ်​ဖူး ထမှဖြစ်​​တော့မယ်​။ မဟုတ်​ရင်​ ​မောင်​လင်းသူ​လေးက စိတ်​မရှည်​ဖြစ်​ပြီး ဆူ​အောင့်​​နေ​တော့မယ်​။ ထင်​တဲ့အတိုင်းပဲ လင်းသူကအချိန်​မှန်​​ရောက်​လာ​ပေမယ့်​ ချစ်​သူ​အောင်​က အဝတ်​အစားဝတ်​လို့မပီး​နိုင်​​သေးဘူး​လေ။

ဘုရားကြီး(မဟာမြတ်​မုနိ) ​ရောက်ေ​တာ့ မနက်​​စော​စောမှာ​တောင်​ လူ​တွေစည်​ကား​နေတာကို ​တွေ့ရတယ်​။ လင်းသူက​တော့ သူဘုရားရှိခိုး​နေတဲ့အချိန်​မှာ ​ဘုရား​ပေါ်သွားပီး ​ရွှေသင်​ကန်း သွားကပ်​တယ်​။ ပီးမှ ပြန်​ဆင်းလာပီး ဘုရားရှိခိုးရင်းနဲ့ အကြာကြီး ဆု​တွေ​တောင်း​နေ​လေရဲ့။

လည်​ကတုံးအဖြူ​ရောင်​ကို အနီ​ရောင်​ကွက်​စိပ်​ပုဆိုး​လေးနဲ့ တွဲဝတ်​ထားတဲ့ လင်း ကိုကြည့်​ရတာ အရင်​​နေ့​တွေထက်​ပိုပြီး ကြည်​လင်​​တောက်​ပ​နေတယ်​လို့ ချစ်​သူ​အောင်​ထင်​​နေတယ်​။ အသားဖြူဖြူ​ပေါ်မှာ အနီ​ရောင်​ပုဆိုး​လေးနဲ့ဆို​တော့ လူကြားထဲမှာ​တောင်​ ထင်း​နေ​အောင်​မြင်​​နေရတယ်​။

"​မွေး​နေ့မှာ ဘာဆု​တွေ ​တောင်း​လဲ လင်း "

လင်းသူက ​​ပေကပ်​ကပ်​ရုပ်​နဲ့ သူ့ကို လှည့်​ကြည့်​ပီး

" မ​ပြောပြဘူး "

" ပြီး​ရော ပြီး​ရော ..."

" ​ရော့ ....  "

" ​မွေး​နေ့လက်​​ဆောင်​လား .... ဖွင့်​ကြည့်​လို့ရလား"

"အင်း"

လင်းသူက လက်​ထဲကို​ရောက်​လာတဲ့ packing paper ပန်း​ရောင်​​လေးနဲ့ ထုပ်​ထားတဲ့ ဘူး​လေးကိုကြည့်​ပြီး .... မျက်​နှာက ပြုံး​နေတယ်

You Are The Other Half Of MeWhere stories live. Discover now