memo 26

2.8K 222 30
                                    

"ZawGyi"
💝
ဝင်းလိုက်​ရုပ်​ရှင်​ရုံမှာ ကြည့်​လိုက်​​တော့ ထင်​တဲ့အတိုင်းပဲ တင်​ထား​တဲ့ကားက "It" တဲ့​လေ။ ချစ်​သူ​အောင်​ နဲနဲ​တော့ တွန့်​သွားတယ်​။ သရဲထဲမှာမှ က​လေး​တွေဖမ်းစားတဲ့ သရဲဆို ပိုပီး​ကြောက်​ပါတယ်​ဆိုမှ ဘယ်​နှယ့်​ ဒီကားနဲ့ လာ​တွေ့​နေရတာလဲ မသိပါဘူး​။ ဒွတ်​ခပါပဲကွာ ဆိုပြီး မျက်​နှာ​တွေ ကြိတ်​ပြီးပျက်​​နေတယ်​။

လက်​မှတ်​ဝယ်​ပြီး​တော့ ရုံထဲတန်းဝင်​ဖို့လုပ်​​နေတဲ့ လင်းသူကို ချစ်​သူ​အောင်​က လှမ်းဆွဲထားပြီး

"မုန့်​ဝယ်​ဉ်ီးမယ်​​လေ လင်းရဲ့"

"​အော်​ ဟုတ်​သားပဲ။ ငါ​မေ့သွားတယ်​။ ဘာစားချင်​လဲ ဝယ်​​လေ"

"​ပေါက်​​ပေါက်​ဆုပ်​တစ်ဘူး ... အဲ လင်း​ရော စားမလား ​ပေါက်​​ပေါက်​ဆုပ်​ "

" ဟင့်​အင်း မစား​တော့ဘူး .... ဒါပဲလား ... ​နေကြာ​စေ့​တွေ ဘာ​တွေ​ရော "

"အင်း ​နေကြာ​စေ့တစ်​ထုပ်​ .,, ပြီး​တော့ ​ရေသန့်​တစ်​ဘူး။ ​လင်းက ​ရေ​တော့ ​သောက်​မှာမလား"

" ဟုတ်​ပါပီ ,..,., ဒါဆို ဝင်​ကြ​တော့မလား"

ချစ်​သူ​အောင်​ စားစရာ​တွေ များများဝယ်​သွားရတဲ့အ​ကြောင်းရင်းကရှိတယ်​။ ပါးစပ်​ထဲမှာ ဝါးစရာ​တွေရှိ​နေရင်​ ​ကြောက်​တာများ သက်​သာမလားလို့​ပေါ့။လင်းသူရှေ့​တော့ ​ယောက်ျားသိက္ခာကျလို့မဖြစ်​ဘူး။ အတတ်​နိုင်​ဆုံး ​ကြောက်​တာမ​ပေါ်​အောင်​ ​နေရမယ်​လို့ ကိုယ့်​ကိုယ်​ကို သတိ​ပေး​နေရတယ်​။

လင်းသူ​လည်း ချစ်​သူ​အောင်​များ​​ကြောက်​​နေမလားဆိုပြီး ကြည့်​​နေတာ ဇာတ်​ကားအစပိုင်း​မှာ ပုံမှန်​​လေးကြည့်​​နေ​တော့ ဟုတ်​​နေတာပဲ​ပေါ့။ လှိုင်​​ခေါင်းထဲမှာ သရဲ​တွေထွက်​လာ​တော့ ငြိမ်​ပြီး ကြည့်​​နေပါလားလို့ လှည့်​ကြည့်​လိုက်​မိတယ်​ ,..,, ကိုယ်​​တော်​​ချောက လက်​နှစ်​ဖက်​ကို မျက်​နှာ​ရှေ့မှာကာပီး လက်​​ချောင်းကြားထဲက​နေ ​ချောင်းကြည့်​​နေတာပါလား။ လင်းသူလည်း အဲ့ဒီပုံကိုကြည့်​ပီး အရမ်းသ​ဘောကျသွားတယ်​။ အဲ့ဒီ ချစ်သူ​အောင်​ဟာ​လေ တစ်​ခါတစ်​​လေ လူကြီးဆန်​သ​လောက်​ တစ်​ခါတစ်​​လေ တကယ့်​က​လေး​လေး အတိုင်းပဲ .... ချစ်​စရာအ​တော်​​ကောင်းတယ်​။ သူလည်း ​ချစ်​သူ​အောင်ဘက်​လှည့်​ပီး ပြုံးစိစိရုပ်​နဲ့ပဲ ​ကြောက်​​နေတာလား ​မေးလိုက်​​တော့ နှုတ်​ခမ်းဆူပီး နဲနဲပါ တဲ့။

You Are The Other Half Of MeWhere stories live. Discover now