memo 38 (Final)

7K 245 29
                                    

"ZawGyi"

ကန်​​ရေပြင်​ကို​ငေးကြည့်ရင်းနဲ့ပဲ ​မျှော်​လင့်​ချက်​​တွေ ​ရေစုံ​မျော​သွားသလို ခံစား​နေရတယ်​။ လူ​တွေက ​မျှော်​လင့်​ချက်​တစ်​ခုနဲ့ အသက်​ရှင်​​နေကြတာတဲ့။ ဟုတ်​မှာပဲ​လေ။ ကိုယ်​ရဲ့​တ​နေ့တာမှာ​တောင်​ ​နောက်​​နေ့သူ့ကို​တွေ့ရမယ်​ဆိုတဲ့ ​မျှော်​လင့်​ချက်​နဲ့ အိပ်​တယ်​။ မနက်​ နိုးလာ​တော့လည်း သူ့မျက်​နှာမြင်​ရ​တော့မယ်​ဆိုတဲ့ ​မျှော်​လင့်​ချက်​နဲ့ ရုံးသွားတယ်​။ ည​နေရုံးဆင်းတော့လည်း ​နောက်​​နေ့သူနဲ့ပြန်​​တွေ့ရမယ်​ဆိုတဲ့ ​မျှော်​လင့်​ချက်​နဲ့ ခွဲခွာတယ်​။ ဒါပါပဲ....ခုလို ကိုယ့်​ရဲ့​မျှော်​လင့်​ချက်​ကြီး ကိုယ့်​နားက ​ပျောက်​ဆုံး​နေ​တဲ့အချိန်​မှာ ဘဝက အဓိပ္ပါယ်​ရှိနိုင်​ပါဦးမလား။ ​မျောချင်​ရာ​မျော​နေတဲ့ ​ဗေဒါ​တွေလိုပဲ လွင့်​ချင်​ရာလွင့်​​နေမိတယ်​။ ခုပဲကြည့်​​လေ....ရုံးဆင်းတာနဲ့ အိမ်​ပြန်​​နေကြလူက ကျူံး​ဘေးမှာထိုင်​ပြီး ​ငေး​နေမိပြန်​တယ်​။ အမှန်​​တော့ ချစ်​သူ​အောင် ​ကျူံးကို တစ်​ပတ်​​ပတ်​​နေတာ ကြာပြီ​။ ည​နေရုံးဆင်းတုန်းက ရုံးက​နေထွက်​လိုက်​​တော့ ကျူံးအ​ရှေ့ဘက်​...။ အဲ့ဒီမှာ​တော်​​တော်​ကြာကြာထိုင်​ပြီး​တော့ ကျူံး​တောင်​ဘက်​က​နေ အ​နောက်​ဘက်​။ ပြီး​တော့ ​မြောက်​ဘက်​ထိ ဆိုင်​ကယ်​ပတ်​​မောင်း​နေမိတယ်​။ ကျူံး​မြောက်​ဘက်​​ရောက်​​တော့ အရင်​က လင်းနဲ့လာစား​နေကြ ဆိုင်​​လေးက လူ​တွေစည်​ကားလို့။ သူလည်း ​​ကော်​ပြန့်​​ကြော်​​တွေမှာပြီး အချဉ်​ရည်​​တွေထည့်​လို့ ​​​အလွမ်း​တွေနဲ့ ​​ရောစားမိတယ်​။ ဘယ့်​နှယ့်​ အချဉ်​ရည်​က မချဉ်​ပဲ ငန်​နေသလိုပါပဲလားဆိုပြီး ကြည့်​လိုက်​​တော့ ငန်​ပြာရည်​မဟုတ်​တဲ့ မျက်​ရည်​​တွေထည့်​စား​နေမိတာကိုး။

ကိုယ့်​ကိုယ်​ကို ပြန်​ပြီး​ပြော​နေမိတာက ချစ်​သူ​အောင်​ ဒီ​အ​ခြေအ​နေနဲ့ မင်းနဲ့ ထိုက်​တန်​တယ်​။ အရမ်းချစ်​ပါတယ်​​ပြောပြီး ကိုယ်​ချစ်​တဲ့သူကို မျက်​ရည်​ကျ​စေခဲ့တဲ့ မင်းက သူ့အချစ်​​တွေနဲ့ မထိုက်​တန်​ဘူး။ မင်းလိုလူဆီ ပြန်​လာမယ့်​အစား ​ထွေးဆီပဲ သူသွားမှာ​ပေါ့။ ဟုတ်​တယ်​.....ငါ့ကို စိတ်​ပျက်​ပြီး ​ထွေးဆီသွားတာပဲ​နေမယ်​။ ဒါ​ကြောင့်​ ငါပို့တဲ့ mail ကို reply မပြန်​တာ။ ​သေချာပါတယ်​.... ​သူငါ့ကို မုန်းသွားပြီ။ ​တွေးရင်း မျက်​ရည်​တစ်​​ပေါက်​က ထိန်းမနိုင်​ကျလာတယ်​။ စား​နေတဲ့ပန်းကန်​ကို တစ်​ဝက်​တစ်​ပျက်​နဲ့ပဲ ပိုက်​ဆံရှင်းပြီး ထွက်​လာခဲ့တယ်​။

You Are The Other Half Of MeWhere stories live. Discover now