memo 8

3.3K 249 17
                                    

[ZawGyi]
🎑
နောက်​တစ်​​နေ့ ....

ဒီပိတ်​ရက်​က တန်​​ဆောင်​မုန်းလပြည့်​​နေ့ ဆို​တော့ သူတို့ ​လေး​ယောက်​ ဘုရားကြီး(မဟာမြတ်​မုနိ) သွားရ​​​အောင်​ဆိုပြီး သော်​ဇင်​တို့အ​ဆောင်​မှာ ဆုံဖို့ ချိန်းထားတယ်​။ သူတို့​လေး​ယောက်​မှာ ကိုဖြိုးအပါအဝင် ​ကျန်​တဲ့ ၃​ယောက်​က မန္တ​​လေးက ဆို​တော့ ​သော်​ဇင်​တ​ယောက်​ပဲ အ​ဆောင်​မှာ ​နေတယ်​။ ဒီ​တော့ တ​နေရာရာ သွားမယ်​ဆိုရင်​ ​သော်​ဇင့်​​နေရာက ဆုံမှတ်​ပဲ။

ချစ်​သူ​အောင်​က အပြင်​သွားမယ်​ဆိုရင်​ အမြဲ​နောက်​ကျ​နေကြဆို​တော့ ​သော်​ဇင့်​အ​ဆောင်​ကိုလည်း ချိန်းထားတာထက်​ ​နောက်​ကျပြီးမှ ​ရောက်​လာတယ်​။

" sorry ကိုဖြိုး ..ကျွန်​​တော်​ နည်းနည်း​ ​နောက်​ကျသွားတယ်​...ဟီးဟီး" ဆိုပြီး ချစ်​သူ​အောင်​က အခန်းထဲ ဝင်​လာတယ်​။ အခန်းထဲလည်း ​ရောက်​​ရော နှာ​ခေါင်းရှုံ့သွားတယ်​​။

"ဒါ...ဘာအနံ့ကြီးလဲ" ဆိုပြီး တရှုံ့ရှုံ့နဲ့ ရှုကြည့်​​နေတယ်​။ ပြီး​တော့မှ သိသွားတဲ့ပုံနဲ့ ....

" ဟာ .. . ဘီယာနံ့ကြီးပဲကွ ! ​သော်​ဇင်​ မင်းကလည်း လပြည့်​​နေ့ကြီးမှာကွာ" လို့ 

အော်​ပြီး ​ပြော​နေ​တော့ ..​သော်​ဇင်​က လက်​ညိုးတစ်​ထိုးထိုးနဲ့ အတွင်းခန်းကို လက်​ညှိုးထိုးပြ​နေတာကိုး။

ချစ်​သူ​အောင်​လည်း အတွင်းခန်းထဲ ဝင်​​ကြည့်​လိုက်​​ရော လင်းသူဆိုတဲ့ ကိုယ်​​တော်​​လေးက အခန်း​ထောင့်​မှာ ဘီယာဘူး တန်းစီချပြီး ​ရေချိန်​မှန်​​နေပြီ​လေ။

အဲဒီပုံမြင်​ပြီး ချစ်​သူ​အောင်​လည်း ​ပါးစပ်​အ​ဟောင်းသားဖြစ်​သွားတယ်​။ ပြီး​တော့ ဘာမှမ​ပြောပဲ ပြန်​ထွက်​သွားတယ်​။

သူ့ကို အပြစ်​တင်​သံမကြားရဘဲ တိတ်​တိတ်​​လေးပြန်​ထွက်​သွားတဲ့ ချစ်​သူ​အောင်​ကို မြင်ပြီး ​လင်းသူ စိတ်​ထဲ ကသိက​အောင့်​ ဖြစ်​သွားတယ်​။

ချစ်​သူ​အောင်​က အခန်းထဲက​နေထွက်​လာပြီးကိုဖြိုးကို ကပ်​ပြီး လာ​ပြောတယ်

You Are The Other Half Of MeWhere stories live. Discover now