Ep5:ပျော်ရွှင်ခြင်း

1.4K 104 2
                                    

Ep5 : ပျော်ရွှင်မှု
Mrs.Jeon သည်အားပါးတရရယ်မောပြီး
"အားကစားကွင်းသွားခိုင်းတာပါကွယ် မသိရင်လက်ထပ်ခိုင်းတာကျနေတာပဲ"
Wonwoo ရုတ်တရက် ရှိန်းခနဲဖြစ်သွားပြီ
"ဟာ မေမေ !!!!!"
"စတာပါ မေမေတကယ်မအားလို့ပါ ကွယ် Bohyuk နဲ့ Minsoe ကလဲ ပူဆာနေလို့သားတို့ညီလေးနဲ့ည်ီမလေးကို မပျော်စေချင်ဘူးလား ?????"
"ကျွန်တော်ကတော့အဆင်ပြေပါတယ်ဗျ Hyung အဆင်ပြေရင်ကလေးတွေကိုလိုက်ပို့ပေးရုံပါပဲ"
Mingyu ချက်ချင်းဖြေလိုက်မိတယ် သူ့  Hyung နဲ့အဲ့လိုသွားရမဲ့အခွင့်အရေးကို သူလက်လွတ်မခံနိုင်ပါဘူး
"Ok ရတယ် အဆင်ပြေတယ် သွားမယ်"
"Bohyuk နဲ့ Minsoe ပြင်ဆင်ကြတော့နော် အစ်ကိုတွေကလိုက်ပို့မယ်တဲ့"
Mrs. Jeon ရဲ့စကားအဆုံးမှာ
"Heyyyyyy yayyyyyy"
"Wonwoo oppa ချစ်တယ် မွမွ "
MinSoe ရုတ်တရက် ပြေးဖက်ပြီး Wonwoo oppaကိုနမ်းပြီး သူ့အစ်ကိုကိုပါနမ်းလိုက်ပါတယ် သူမစိတ်ထဲမှာ Wonwoo oppa ဟာသူမOppa လိုပဲတစ်ခါတည်းမှတ်ယူထားပါတယ်
Mingyu အံ့သြနေပါတယ် Wonwoo စိတ်ဆိုးမယ်ထင်နေပေမဲ့ လုံးဝစိတ်မဆိုး ပဲ Minseo ကို ပြုံးပြီး ကြည့်နေပါတယ်။
Kim Mingyu ဒီ Hyung ကိုတဖြေးဖြေးနားလည်လာပါပြီ အေးစက်တဲ့ပုံစံနဲ့နူးညံ့တဲ့နှလုံးသားကိုဖုံးကွယ်ထားပြီး ပြုံးလိုက်တိုင်းဘေးနားကလူကိုပါစိတ်ချမ်းသာစေတဲ့လူသားပါလား။
"Mingyu ! Hyungvအရင်ရေချိုးလိုက်ဦးမယ်နော်"
"Ahh. Nae hyung ကျွန်တော် ပြီးမှချိုးမယ်"
Wonwoo တစ်ယောက်ရေချိုးခန်းထဲဝင်လာပြီး လှုပ်ရှားနေတဲ့စိတ်ကိုတည်ငြိမ်အောင်ပြန်စဉ်းစားနေပါတယ် ဘယ်လိုလုပ်များသူသွားဖို့လက်ခံမိတာပါလိမ့် ????
မသိတော့ဘူး သူအချိန်အတော်ကြာရေချိုးပြီးထွက်လာပါတယ် သူထွက်လာတာနဲ့ Mingyu လဲပြုံးပြပြီးရေချိုးခန်းထဲဝင်သွားပါတယ်
Wonwoo ကတော့ထုံးစံအတိုင်း တီရှပ်အပွ နဲ့ Jean Skinny ဆိုဝတ်ပြီး ဧည့်ခန်းထဲကိုထွက်လာပါတယ် ။
Mingyu ရေချိုးပြီးတော့ ထွက်လာတော့ wonwoo အခန်းထဲမှာမရှိတော့ပါဘူး သူမြန်မြန်အဝတ်အစားလဲဖို့ဆုံးဖြတ်ပီး body fit T shirt အဖြူနဲ့ Skinny jean အနက်ဟာ သူ့ကိုပိုပြီးသိသာပေါ်လွင်စေပါတယ် ကစားကွင်းသွားမှာကိုစတိုင်ကျကျဝတ်ချင်နေတဲ့သူ့ကိုယ်သူလဲရယ်ချင်သွားပါတယ် သူအခန်းအပြင်ထွက်လာတော့ကလေးတွေနဲ့ကစားေိတဲ့ wonwoo အသံဂရုစိုက်ဖို့မှာနေတဲ့ wonwoo မိခင်အသံတွေကြားနေရပါတယ်
"woooow Hyung လုံးဝအမိုက်စားပဲ"
Bohyuk ရဲ့အသံကြောင့်အကုန်လုံးအကြည့်တွေMingyu ဆီရောက်လာပါတယ်
"သမီး oppa ကအမိုက်ဆုံးပဲ "
Wonwoo ဝန်မခံပဲမနေနိုင်ပါဘူး Mingyu အဲ့လောက်ကြည့်ကောင်းမှန်းသူမသိခဲ့ပါဘူး သူငေးမောကြည့်မိနေတာကို Mingyu သိပြီးပြံးနေတာကို မြင်မှချက်ချင်းမျက်လုံးလွှဲပြီး ဘာမှမသိသလိုနေလိုက်ပါတယ်
"Wonwoo oppa သမီး Oppa ကချောတယ်မလား "
"သြော် အင်း အင်းချော ချောပါတယ် "
"ဘာလဲ သား ရင်ခုန်သွားတာလား "
Mrs.Jeon ကစလိုက်တော့ Wonwoo မနေတတ်ဖြစ်ပြီး
"မေမေဘာတွေပြောနေတာလဲ "
"Oppa ရင်ခုန်တယ်ဆိုတာဘာလဲwooow သမီး oppa အဲ့လောက်ချောလား "
"Minsoe yaa!!!! Hyung ကိုမစပါနဲ့တော့ Wonwoo Hyung ကသာအချောဆုံးပါ အသားအရေကိုကြည့်မလားမျက်နှာကိုကြည့်မလားပြုံးလိုက်ရယ်လိုက်ရင် oppa ထက်အများကြီးချောတယ်"
Shittt Kim Mingyu ဘာတွေပြောနေတာလဲဒါတွေပြောဖို့မလိုတာကိုဘာလို့အလိုလိြုော့ထွက်နေတာလဲ Mingyu သူ့ကိုယ်သူအပြစ်တင်မိပြီး wonwoo ကိုခိုးကြည့်တော့အပြုံးတစ်ပွင့်ဖြတ်သွားတာတွေ့မှအသက်ရှူချောင်သွားပါတယ်
"Bohyuk oppa ရင်ခုန်တယ်ဆိုတာဘာလဲသိလား စိတ်လှုပ်ရှားတာလား"
"Minsoe  yaa ငါဘယ်သိမလဲ Wonwoo Hyung သိလား "
Wonwoo ဘာဖြေရမလဲမသိ Mingyu ကိုခိုးကြည့်မိတော့သူ့ကို စိုက်ကြည့်နေတာတွေ့ရပြန်တယ် JeonWonwoo တစ်ယောက်အခက်အခဲဖြစ်နေပါပြီ
"ကဲ ကဲ သွားကြတော့လေ နောက်ကျနေတော့မယ် Wonwoo , Mingyu ညီလေးနဲ့ည်ီမလေးကိုသေချာဂရုစိုက်ခေါ်သွားနော် ညနေမေမေနောက်ကျမယ်ကလေးတွေကိုညစာတခါတည်းကျွေးခဲ့နော်"
"Nae , မေမေ သွားပြီနော် "
Wonwoo အခုမှအသက်ရှူချောင်သွားပါတယ်အကုန်လုံးနှုတ်ဆက်ပြီး ထွက်လာပါတယ်
*****************
တစ်လမ်းလုံးလဲဘာမှမပြောနှုတ်ဆိတ်နေလာပါတယ်
ကစားကွင်းရောက်တော့ ကလေးတွေဆော့ချင်တာတွေလိုက်ပို့ပေးမုန့်တွေဝယ်ပေး နဲ့သူတို့မအားနိုင်ပါဘူး
Roller coaster စီးဖို့ပြောတော့ Mingyu အကြောက်အကန်ငြင်းပါပြီ Minsoe နဲ့ Bohyuk ကလဲ အသဲအသန်စီးချင်တော့စိတ်ကောက်စပြုနေပါပြီ
"Mingyu yaa ! ကလေးတွေ ပျော်အောင်စီးကေးလိုက်ပါ Hyung ရှိပါတယ် အဆင်ပြေပါတယ် "
Mingyu ခေါင်းမညိတ်ချင်ညိတ်လိုက်ရပါတယ်
Minsoe က Bohyuk နဲ့ပဲစီးချင်တာမို့ Wonwoo နဲ့ Mingyu တူတူထိုင်ရပါတယ် စထွက်တာနဲ့ Mingyu မျက်လုံးစုံမှိတ်ပြီး Wonwoo လက်မောင်းကိုအသေကိုင်ထားပါတယ် အကုန်လုံး ဟေးးးး ဟားးးးအော်နေချိန် Mingyu တစ်ယောက် wonwoo လက်ကိုအသေဆုပ်ကိုင်ထားပြီး "Hyung ကျွန်တော်သေတော့မှာပဲ မရပ်ကြသေးဘူးလား Eooma ရေ " တောက်လျှောက်အော်နေပါတော့တယ်Roller Coaster ရပ်တာနဲ့ Mingyu တုန်ရီစွာ နဲ့Wonwoo လက်ကို ဖြုတ်လိုက်ပါတယ် ကလေးတွေရောWonwoo ပါရယ်ပြီး နောက်တစ်နေရာရွှေ့ကြပါတယ်။
Minsoe နဲ့ Bohyuk က ကလေးတွေသီးသန့်ကစားတဲ့ အရုပ်ကမ္ဘာရောက်ချိန်မှာတော့ သူတို့လိုက်ကစားဖို့မလိုပဲအေးအေးဆေးဆေး ဆော့ဖို့မှာပြီး မုန့်စားဖို့ထွက်လာပါတယ်
"Hyung ! sorry ပါနော် ခုနက ကျွန်တော်တအား ကြောက်သွားလို့ပါ"
Wonwoo အားရပါးရ ရယ်ပြီး
"ကိစ္စမရှိပါဘူး ။ Mingyu ကိုအဲ့လောက် ကြောက်တတ်မယ်မှန်းမသိခဲ့ဘူး "
"Hyung!!!! မလှောင်ပါနဲ့ဗျာ"
"မဟုတ်ပါဘူးး ချစ်စရာကောင်းလို့ပါ"
Ahhhhhhh !! Jeon Wonwoo ဘာတွေပြောနေတာလဲ wonwoo သူ့ကိုယ်သူအပြစ်တင်ပြီး ဘာဆက်ပြောရမလဲမသိဖြစ်နေပါတယ်
Mingyu စိတ်ထဲမှာလဲ လှုပ်ရှားပြီး အမြဲအေးစက်နေတဲ့ ရေခဲ Hyung ကချစ်စရာကောင်းတယ်ပြောတော့ဘာပြောရမလဲမသိဖြစ်နေပါတယ်
"Mingyu ဒီနားမှာခနထိုင်နေနော် မုန့်သွားဝယ်ခဲ့မယ် "
Wonwoo မြန်မြန်ထွက်လာခဲ့ပြီး မုန့်ဆိုင်ကိုအမြန်သွားနေပါတယ်။
Mingyu လဲ wonwoo ထွက်သွားမှ ရေခဲ hyung ကဘာလို့ချစ်ဖို့ကောင်းတယ်ပြောတာလဲ အခုထိစိတ်လှုပ်ရှားနေပါတယ် ယောက်ျားလေးတစ်ယောက်ကြောင့်စိတ်လှုပ်ရှားတာပထမဆုံးပါပဲ သူ့ညီလေးလို သဘောထားလို့နေမှာပါလေ ငါတို့က Straightတွေပဲ Hyung ဒီတိုင်းပြောလိုက်တာ အနေခက်အောင်မလုပ်သင့်ဘူး ငါ ပုံမှန်အတိုင်းပြန်နေမယ် ဟုတ်ပြီ Kim Mingyu ပုံမှန်တိုင်းပြုံးနေ
Wonwoo ပြန်ရောက်လာတော့ပုံမှန်အတိုင်းပြုံးပြီး ကြည့်နေတဲ့ Mingyuvကိုမြင်ရတော့မှစိတ်သက်သာရသွားပါတယ်
"Hyung !မြန်မြန်လာပါဗျာ ကျွန်တ်ာဗိုက်ဆာလို့သေတော့မယ်"
"တော်တော်စားနိုင်တဲ့ Mingyu ပဲ "
"Hyung ကျွန်တော်တို့ သူငယ်ချင်းဖြစ်ရအောင်နော် ! Jun Hyung တို့ Soon Young Hyung တို့လို့ပဲ ကျနော်လဲ Hyung နဲ့ရင်းရင်းနှီးနှီးပေါင်းချင်ပါတယ် "
အပြစ်ကင်းမဲ့စွာတောင်းဆိုနေတဲ့ Mingyu ကို သူငြင်းပယ်နိုင်စွမ်းမရှိပါဘူး
"Ok Mingyi အခုချိန်ကစပြီး best friend တွေဖြစ်သွားပြီ "
"Yayyyyy Hyungအာ့ဆို စား"
အတင်းခွံ့ကျွေးနေတာကိုwonwoo ရှောင်တိမ်းပေမဲ့ Mingyu မရအရ ကျွေးနေလေသည်
"Ohhh ချစ်ဖို့ကောင်းလိုက်တာ ခွံ့ကျွေးနေတာ !Oppa ရှင်သူ့လောက်တောင်မချစ်တတ်ဘူး "
ဖြတ်သွားတဲ့စုံတွဲရဲ့စကားသံကြောင့်သူတို့နှစ်ယောက်အားရပါးရရယ်မောလိုက်ပါသည်။
**************

Love can read your mind * Meanie *Where stories live. Discover now