Ep: 11 ဝေးကွာခြင်း

1.1K 98 2
                                    

ဝေးကွာခြင်း

နောက်တစ်နေ့မနက် မှာတော့ Wonwoo တစ်ယောက်အပြင်းအထန် ခေါင်းကိုက်ခဲခြင်းနှင့်အတူနိုးထလာပါတယ် ။ မနေ့ညကဘယ်လောက်ထိသူသောက်ခဲ့ပြီးဘာတွေဖြစ်ပျက်ခဲ့လဲသူမမှတ်မိပါဘူး။ သူနိုးလာပြီး အခန်းထဲကနေထွက်လာတော့ ဧည့်ခန်းမှာ Seung Cheol, ထိုင်နေသလို အပေါ်ထပ်ကနေအိပ်ချင်မူးတူး ဆင်းလာတဲ့ Soonyoung ကိုတွေ့လိုက်ရပါတယ်။

"နောက်ဆုံးတော့ အသောက်သမားကြီးတွေနိုးလာပြီပဲ "

Seungcheol က သူတို့နှစ်ယောက်ကိုကြည့်ပြီးစလိုက်ပါတယ်။ Wonwoo နဲ့ Soonyoung တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး အားပါးရယ်လိုက်မိပါတယ်။

"Seungcheol yah! ကလေးတွေကို  မစ ပါနဲ့။ Soonyoung yah. Wonwooyah! ဒီကိုလာ မနက်စာစား မင်းတို့အတွက်ပြင်ပေးထားတယ် "

ိထမင်းစားခန်းထဲက Jeonghan ရဲ့ အသံကြောင့် သူတို့နှစ်ယောက် ထမင်းစားခန်းထဲဝင်လာပြီး အလိုက်သင့်ထိုက်လိုက်ပါတယ်။ စားပွဲပေါ်မှာ အမူးပြေစေမဲ့ ကင်မ်ချီဟင်းရည်နဲ့အတူ မနက်စာပြင်ဆင်ထားပါတယ်။ နှစ်ယောက်လုံးဟန်မဆောင်နိုင်ပဲဟင်းရည်ကိုအားရပါးရသောက်မိပြီး

"ဒါ Mingyu ချက်သွားတာလား Hyung "
Wonwoo ရဲ့အမေးစကားကြောင့် Jeonghan ပြုံးလိုက်ပြီး

"သေချာတာပေါ့ ! Wonwooနိုးလာရင် အမူးပြေအောင်စောစောထချက်တာ "

"Mingyu ရော hyung ? ". "Jihoonရော hyung?"

ပြိုင်တူမေးတဲ့အသံကြောင့် Jeonghan မဖြေနိုင်ပဲရယ်နေမိပါတယ် ။ Seungcheol ပါရယ်ရင်းထမင်းစားခန်းထဲ ဝင်လာပါတယ်။

"နောက်ဆုံးတော့ဘေးနားကလူတွေပျောက်တာ သိပြီဆိုတော့အမူးပြေပြီပေါ့ ။ Mingyu နဲ့ Jihoon ကကျောင်းသွားပြီ။ Wonwoo အမေကို Mingyu ရှင်းပြပြီးပြီ ။ မနေ့ညကတည်းက ပြီးတော့ Soonyoung ဒေါ်လေးဆီကိုငါဖုန်းဆက်ပြောပြီးပြီ အိမ်ကနေစောင့်နေပါတယ်တဲ့ "

Seungcheol ရှင်းပြရင်း Soonyoung ကိုနောက်နေပါတယ် ။
KwonSoonyoung ရဲ့မျက်နှာက ရှုံ့မဲ့သွားပြီး

"Hyung မနောက်ပါနဲ့ အမေကတကယ်ပဲအဲ့လိုပြောလား ???"

"Seungcheol yahh! အမူးပြေစကလေးတွေကိုမခြောက်လှန့်ပါနဲ့ "

Love can read your mind * Meanie *Where stories live. Discover now