EP 17:အချစ်သို့ကျဆုံး

1.1K 91 1
                                    

ကျောင်းတတ်ချိန်

ကျောင်းသွားတဲ့လမ်း က အရင်နေ့တွေနဲ့မတူ ချိုမြလွန်းနေတယ် လို့ Mingyu တွေးနေမိတယ် အန်တီ Jeon တို့ ပြန်မလာသေးလို့ Wonwoo တစ်ယောက် Kim မိသားစုအိမ်မှာပဲဆက်နေနေရတာမို့ ကျောင်းသွားတော့လဲ အတူတူ သွားဖို့ဖြစ်လာတယ် ။ Mingyu ပျော်တာထက် ပိုပြီး စိတ်လှုပ်ရှားကြည်နူးမိနေတာ က Jeon Wonwoo ကဘေးနားမှာ အတူတူ လျှောက်လာတာမို့လို့ပဲ ။ Wonwoo ရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး သူလမ်းလျှောက်လာတယ်။
ကျောင်းတံခါးဝမှာစကားပြောရင်းစောင့်နေတဲ့ Yerin နဲ့ တခြားသူငယ်ချင်းတွေကိုမြင်တော့ Wonwoo လက်ကအလိုလို ဖြုတ်မိရက်သားဖြစ်သွားတယ် ။ Mingyu စိတ်ထဲဝမ်းနည်းသွားပေမဲ့ ဘာမှမဖြစ်သလိုပဲနေလိုက်ပြီး Wonwoo စိတ်တိုင်းကျဖြစ်ခွင့်ပေးလိုက်မိတယ်။ အတူတူတွဲလျှောက်ရာကနေ ခပ်သွက်သွက် Yerin တို့ဆီ လျှောက်သွားတဲ့ Wonwoo ကို သူငေးစိုက်ကြည့်နေရုံမှအပ ဘာမှမတတ်နိုင်ဘူးလေ ။ သူသိပ်ချစ်မိတာကိုး အရွဲ့တိုက်ချင်စိတ် မခံချင်စိတ်တွေထက် Wonwoo စိတ်ချမ်းသာဖို့ ဆိုတာကိုသူပိုအလေးပေးတတ်လာတယ် ။ Mingyu လဲ သူတို့ကိုအသာအယာပြုံးပြနှုတ်ဆက်ပြီး cafeteria ရှိရာကိုထွက်လာလိုက်တယ် ။ Mingyu မျက်လုံးကိုဖတ်နိုင်တာ Lee Jihoon.
"Wonwoo ! မင်းနဲ့ Mingyu အဆင်ပြေသွားပြီမဟုတ်လား "

"What??? "တညီတညာတည်း ကျန်တဲ့သုံးယောက်အော်မိသွားတယ် ။

"Jihoon yah ! နင်ဘယ်လိုလုပ်သိတာလဲ ????? "

Yerin ရဲ့အမေးစကားကို Jihoon ကအသာအယာပြုံးပြီး ဖြေးဖြေးချင်း ပြန်ပြောလိုက်တာက

"Mingyu မျက်လုံး ထဲမှာ ဒေါသစိတ် ဝမ်းနည်းစိတ် နာကျင်စိတ်အဲ့အရိပ်တွေ တစ်ခုမှမရှိတော့ဘူး ။ အထူးသဖြင့် Wonwoo ကိုစိတ်မချသလိုကြည့်သွားတယ် ။ ငါတို့သိမှာစိုးလို့ Wonwoo က မသိချင်ယောင်ဆောင်တာကိုလဲ သူခွင့်လွှတ်နားလည်ပေးတဲ့ မျက်လုံးတွေကိုဖတ်လိုက်ရတယ် ။ "

"Wooow Wooow Bravo Leejihoon shi!!! တကယ်တွေးတတ်တယ် လုံးဝမိုက်တယ်"

Soonyoung နဲ့ Junhui ကချီးကျူးလိုက်ပေမဲ့ Yerin တစ်ယောက်တွေတွေလေးငေးနေမိတယ် ။ အမျိုးအမည်မသိတဲ့ ခံစားချက်တစ်ခုက သူမစိတ်ထဲမှာရောက်နေပြန်တယ်။ Wonwoo ကိုစိတ်ချမ်းသာစေချင်တယ်။ Wonwoo က သူမကိုမလိုလားတော့မှာလဲကြောက်တယ် အရှင်းဆုံးပြောရရင် Jeon Wonwoo ရဲ့ ဘဝမှာ သူမထက် ပိုပြီး သံယောဇဉ်တွယ်ရမဲ့လူ မရှိစေချင်ဘူး ။ သူမအတ္တနဲ့ ချစ်ခြင်းတရားလွန်ဆွဲနေတာကိုသိပေမဲ့ ထိန်းချုပ်ဖို့ခက်နေပြန်တယ်။

Love can read your mind * Meanie *Where stories live. Discover now