Ep 20 : လွင့်မြောခြင်း (part 2 )

1K 96 3
                                    

Day 7

     Mingyu အနားမှာသူ မခွဲမခွါရှိနေတာ ၇ရက်ရှိပြီ ။ Wonoo ရဲ့ပုံရိပ်လေးကိုကြည့်ပြီး Mingyu မျက်ရည်ကျနေမိတယ် ။ Hyung ကိုပင်ပန်းစေမိပြန်ပြီ။ ကျွန်တော်ဆိုတဲ့ Mingyu က Jeon Wonwoo ဆိုတဲ့လူသားကိုပျော်ရွှင်မှုတွေပဲပေးချင်မိသူပါ ။ မငိုပါနဲ့ ဝမ်းမနည်းပါနဲ့Hyung ရယ် ။

Day 8

"Jihoon Yah ! ငါတို့ ဆေးရုံကိုသွားကြမလား "

"Aigoo ! Kwon Soonyoung shi အခု Wonwoo အတွက်စာတွေပိုကူးထားပေးတာပိုကောင်းမယ်မတွေးမိဘူးလား ??? "

"Uri Jihoon လောက်ဘယ်သူမှမတော်ဘူး ။ ဒါကြောင့် ချစ် ချစ် …… "

Soonyoung စကားမဆုံးခင် ရေဗူးလေး ဝဲပျံလာတယ် ။ Kwon Soonyoung ရှောင်တိမ်းပြီးရယ်ကျဲုကျဲုလုပ်နေတယ် ။Jihoon လဲSoonyoung အပေါ်သံယောဇဉ်ရှိပေမဲ့ ဝန်မခံတာ အကုန်သိနေပါတယ် ။ သူတို့နှစ်ယောက် ကိုကြည့်ပြီး စိတ်ည်နေတဲ့သူတွေ ခနတာ ပြုံးလိုက်မိတယ်။
"Jun Hyung ! Mingyu ပြန်ကောင်းလာမှာမဟုတ်လား ? "

Seokmin ရဲ့စကားကြောင့် အကုန်တိတ်သွားတယ် ။ Seokmin က Mingyu ရဲ့အခင်ဆုံးသူငယ်ချင်းမို့ စိတ်ပူတာကြောင့်အပြစ်မမြင်ရက်ပါဘူး ။

"ပြန်ကောင်းလာမှာပါကွာ Mingyu ကStrong ဖြစ်တာပဲ "

သက်ပြင်းကိုယ်စီနဲ့သူငယ်ချင်းတစ်စု ငြိမ်သက်သွားပြန်တယ် ။

"ါတို့တွေ Mingyu နဲ့ Wonwoo အတွက်အကောင်းဆုံးဖြစ်လာဖို့ဆုတောင်းပေးကြမယ်လေ "

Day 9

"Mingyu yah ! Hyung ကိုသတိမရဘူးလား ? "
"Hyung လေ ဒီနေရာလေးကနေ မခွဲချင်ဘူး ။ Mingyu နားလေးကနေ ထွက်သွားတုန်း သတိရလာလို့ မတွေ့ရင်စိတ်ပူနေမှာစိုးတယ် ။ Gyu yah ! မြန်မြန်သတိရပေးပါ "
Wonwoo ရေရွတ်နေမိတယ် ။ မကြားနိုင်ဘူးလား Mingyu ရယ် Hyung ရင်တွေ ကွဲထွက်တော့မယ်။ သူ မစားလဲမစားချင်ပေမဲ့ သူမစားရင် Mingyu မကြိုက်တာ သိလို့ ကြိတ်မှိတ်စားနေရတာလဲမုန်းလှပြီ။

"သား အခုထိ စောင့်နေတုန်းလား ? "

ဆရာဝန်ကြီးနဲ့ nurse တွေ check လုပ်ဖို့ဝင်လာတော့ ထိုင်နေတဲ့ Wonwoo ကိုတွေ့သွားတယ်။ သူတို့နှစ်ယောက်ရဲ့အကြောင်းလေးက ဆေးရုံအတွင်းမှာပါ ပျံ့နှံ့နေတယ်။ ချစ်တဲ့သူအတွက်လအစားဝင်နာကျင်ခံတဲ့ကောင်လေးနဲ့ သူ့အနားကတစ်ဖဝါးမှ မခွါတဲ့ကောင်လေး ဆိုပြီးဂရုဏာသက်နေကြတယ် ။

Love can read your mind * Meanie *Where stories live. Discover now