Final

2.1K 83 8
                                    

လှပတဲ့ နံနက်ခင်းတစ်ခု
နေရောင်ခြည်နုနုလေးက အခန်းအတွင်းကိုဖြာကျတေယ်
Mingyu အိပ်ရာက နိုးလာတော့ နွေးထွေးတဲ့ ခန္ဓာကိုယ်လေးတစ်ခုက သူ့ရင်ခွင်ထဲမှာ တိုးဝှေ့နေရာယူထားတယ်
ဒီလူသားလေးက သူ မြတ်နိုးရတဲ့ သူလေး သူသိပ်ချစ်ရတဲ့သူလေး ……
Wonwoo ရဲ့ ဆံနွယ်လေးတွေကို ဖွဖွလေး နမ်းရှိုက်လိုက်တယ် … ပြီးတော့ နဖူးလေးကို အနမ်းတစ်ပွင့်ခြွေမိပြန်တော့ ရင်ခွင်ထဲကလူသားလေးက လူးလွန့်ပြီး နိုးလာတယ် …

" Morning baby ! "

"Morning Gyu "

"သက်သာရဲ့လား baby "

Wonwoo မျက်နှာလေး ရဲခနဲဖြစ်သွားတယ် ။ မနေ့ညကအဖြစ်အပျက်တွေက ခေါင်းထဲမှာ တန်းစီပေါ်လာပြီး ရှက်လွန်းလို့ Mingyu ရင်ခွင်ထဲကို ပြန်တိုးဝင်သွားတယ်

"ခက်ပြီ ကွယ် … ဒါရှက်စရာမှမဟုတ်တာ ချစ်လို့ဖြစ်တာပဲကို . Wonwoo baby နောက်ဆို အရာရာကို အတူတူရင်ဆိုင်ကြမယ်နော် အရာ အားလုံး ဘာကိုမှဖုံးကွယ်မထားနဲ့ "

"အင်း ……… တကယ်တော့ အဲ့အချိန်တွေမှာအရမ်းကိုခံစားခဲ့ရတာ … ပြောပြလို့လဲမထွက် ဘာလို့ နှစ်ယောက်လုံးကို နာကျင်စေခဲ့တာလဲ ??"

Wonwoo ပြောရင်းနဲ့ငိုမိတော့မလိုဖြစ်သွားခဲ့တယ် ။ နာကျင်မှုတွေဟာ ပြန်တွေးတာနဲ့ တင် မျက်ရည်တွေ ကျလာစေတယ်။ Mingyu တစ်ယောက် Wonwoo မျက်ရည်တွေကို ယုယုယယ သုတ်ပေးရင်း
" Shhh …… baby … မငိုရဘူးလေ ။ ဒါတွေက ပြီးသွားပြီ နော် အခု ကိုယ်တို့နှစ်ယောက်အတူတူရှိနေပြီ ကိုယ်က baby နားမှာ အမြဲရှိနေပြီ"

ပြောင်းလဲသွားသော အသုံးအနှုန်းကြောင့် Wonwoo ကြောင်တောင်တောင်လေးဖြစ်ပြီးမှ စချင်လာတာကြောင့်

" ကိုယ်က ရှိတာတော့ ဟုတ်ပါပြီ ခေါင်းက ဘယ်မှာလဲ baby ကရောဘယ်သူလဲ ???"

"Yahh Jeon Wonwoo ဒီမှာ အလေးအနက်ပြောနေတာလေ ဖောက်စရာလား "

"Kim Mingyu sii ဟော့ဒီက Jeon Wonwoo က ပိုကြီးတာ မမေ့ပါနဲ့ "

"မကြီးပါဘူးကွာ ကိုယ်ကပိုကြီးတာ "

"အသက်ပြောနေတာ အသက်……… ဘာတွေပြောနေမှန်းလဲမသိဘူး "

Love can read your mind * Meanie *Where stories live. Discover now