EP14:Far Away

1.1K 99 0
                                    

တင်းမာအေးစက်မှု

Mingyu နဲ့Wonwoo ရဲ့အခြေအနေဟာတင်းမာနေဆဲ ဖြစ်နေပါတယ်။ Wonwoo ရဲ့အေးစက်စက်ပုံစံ နဲ့အသက်မဲ့တဲ့ မျက်လုံးတွေက Mingyu ကို ပိုပြီး ခံပြင်းစေသလိုခံစားရပါတယ် ။ Wonwoo ရဲ့နေ့စဉ်ကျောင်းသွားကျောင်းပြန်ချိန်တွေဟာ Yerin နဲ့အတူတူ ဖြစ်ပြီး သူ့သူငယ်ချင်းတွေကလွဲပြီး ကျန်တဲ့သူတွေနဲ့ စကားမပြောပဲ စာအုပ်တစ်အုပ်ဒါမှမဟုတ် game ဆော့ရင်းအချိန်ကုန်စေခဲ့တယ် ။ Yerin သာမက Jihoon တို့ပါဒီအခြေအနေကိုနားလည်ပါတယ် ။ အရွဲ့တိုက်နေတဲ့Mingyuကိုရှင်းပြချင်ပေမဲ့ Wonwoo ရဲ့တားမြစ်မှုကြောင့် အကုန်နှုတ်ပိတ်နေခဲ့ရပါတယ် ။

Mingyu ရဲ့ ဘက်က ကြည့်မယ်ဆိုရင်လဲ Yerin ပြန်ရောက်ပြီးမှပြောင်းလဲသွားတဲ့Wonwoo သူ့ကိုအနားတောင်အကပ်မခံတော့တဲ့ Wonwoo လို့ပဲသူမြင်ပါတယ် ။ Jeon Wonwoo သူ့ကိုတကယ်မချစ်ခဲ့ဖူးလို့ပဲ ယူဆပြီး နာကျင်ခံစားရပေမဲ့ အပေါ်ယံမှာတော့ ဘာမှမဖြစ်သလိုပဲနေခဲ့ပါတယ်။ Pinky နဲ့တွဲပြ ပြီး အကြိမ်ပေါင်းများစွာ အရွဲ့တိုက်ဖို့ သူစဉ်းစားထားပါတယ် ။
ဒီနေ့ကျောင်းရဲ့နေ့လည်စာစားချိန် Cantenn မှာ Mingyu နဲ့ Pinkyတစ်ဝိုင်း Wonwoo တို့သူငယ်ချင်းတွေကတစ်ဝိုင်းသီးခြားစီထိုင်နေပါတယ်။
Wonwooရဲ့ထုံးစံအတိုင်း ပတ်ဝန်းကျင်ကို သတိမထားပဲ ဖုန်းထဲက gamebကိုပဲအာရုံထားဆော့နေပါတယ် ။ သူသာ သတိထားလိုက်ရင် Mingyu ရဲ့ ခနဲ့တဲ့အကြည့်နဲ့ အတူ Pinky နဲ့ ဖက်လိုက် စကားပြောလိုက် ပါးကိုကိုင်လိုက် လုပ်နေတာတွေကို မြင်ရပြီး သူ့ရင်ထဲမှာနေအစင်းတစ်ရာထက်ပူလောင်သလို အေးစက်တဲ့သူ့မျက်နှာ ဟာ ချက်ချင်းပြိုကျမှာကိုသိနေတဲ့အတွက် ပတ်ဝန်းကျင်ကိုအတတ်နိုင်ဆုံး လျစ်လျူရှုထား ပါတယ်။

"Wonwoo yah ! တစ်ခုခုစားလေ Game ကိုပဲအရမ်းမဆော့နေနဲ့"

Yerin ရဲ့အသံကိုသတိပြုမိပေမဲ့သူမစားချင်တာရော မျက်နှာကိုမော့ရင် မျက်နှာခိင်းဆိုင်မှာ တွေ့ရမဲ့ Mingyu ကိုမကြည့်ချင်တာရောကြောင့် သူနှုတ်ဆိတ်နေလိုက်ပါတယ် ။ Yerin စိတ်တိုစပြုနေပါပြီ ။ အခြေအနေကိုရိပ်စားမိတဲ့ Jihoonကလ

"Ahhh !! Wonwoo ကဒါတွေသိပ်မစားဘူး လေဟာ "

"Ahh ! ဟုတ်သားပဲ မေ့သွားတယ်ခနလေး"
Yerin ထထွက်သွားတော့မှ Junက

Love can read your mind * Meanie *Where stories live. Discover now