EP16 :Sweet Morning

1.2K 97 1
                                    

(Thank you so much for your reading my bad skill writing. )

Sweet Morning !!

Wonwoo အိပ်ရာကနိုးထလာချိန်မှာ အနည်းငယ်ထူးဆန်းတဲ့ခံစားမှုကြောင့် စိန်ထဲမှာ တစ်မျိုးဖြစ်နေတယ်။ ရုတ်တရက် သူသတိရမိတာက သူ Mingyu တို့အိမ်မှာပဲ ။ သူအိပ်ရာထမယ် ကြံရွယ်နေတုန်း သူ့ခါးကိုဖက်ထားတဲ့ လေးလံတဲ့လက်တစ်စုံကြောင့် ဘေးကိုကြည့်လိုက်တော့ မနက်ခင်းရဲ့ နေရောင်နဲ့အတူ လှပတဲ့ မျက်နှာလေးတစ်ခုကို တွေ့လိုက်ရတယ်။

Kim Mingyu!!!!!

မနေ့ညကအဖြစ်အပျက်တွေက Wonwoo ခေါင်းထဲမှာအစီအရီပေါ်လာပြီး အနည်းငယ်ရှက်နေမိတာကြောင့် Mingyu မနိုးခင် သူအိပ်ရာကအရင်ထဖို့ စဉ်းစားလိုက်တယ် ။ Wonwoo ဘယ်လိုမှ Mingyu ကိုမျက်နှာချင်းမဆိုင် ရဲသလို စကားလဲမပြောရဲ ။
သူထဖို့ ကြိုးစားလိုက်ပေမဲ့ အားအင်အပြည့်နဲ့ ဖက်ထားတဲ့ Mingyu ကို သူမဖယ်ရှားနိုင်သေးဘူး ။

"ဘယ်လိုလုပ်ရမလဲ သူမနိုးခင် အရင်ထပြီး မသိသလိုနေမှဖြစ်မယ် ။ "

Wonwoo စိတ်ထဲမှာတောင်တိုးတိုးလေးပဲပြောနေမိတယ် ။ အိပ်မောကျနေတဲ့ Mingyu လဲမနိုးအောင် နောက်တစ်ကြိမ် ကြိုးစား ရုန်းလိုက်မိတော့ Mingyu ကပိုပြီးတင်းတင်းကြပ်ကြပ် ဖက်ထားတာကိုခံစားလိုက်ရတယ်။

" Hyung , ဒီနေ့ကျောင်းမသွားရဘူးလေ အခုမှအစောကြီး ရှိသေးတာ ပြန်အိပ် "

ပြောလဲပြော Wonwooကို ဆွဲလှည့်ပြီးရင်ခွင်ထဲ မှာထည့် ဖက်ထားတဲ့ Mingyu ကြောင့် Wonwoo အကြပ်ရိုက်သွားတယ်။ ဘာပြောရမှန်းလဲ မသိတာမို့ သူ့မျက်နှာကို Mingyu ရင်ခွင်ထဲမှာပဲဖွက်ထားမိတယ် ။

"Hyung ! ဘာလို့ အတင်း မျက်နှာကို ဖွက်နေရတာလဲ ? Aigooo ရှက်နေတာပိုချစ်ဖို့ကောင်းလိုက်တာ "

ပြောလဲပြော သူ့မျက်နှာကို အသာအယာ မော့လိုက်တဲ့ Migyu နဲ့ မျက်လုံးခြင်းဆုံတော့ ကြင်ကြင်နာနာစိုက်ကြည့်နေတဲ့ မျက်ဝန်းတွေက Wonwoo ရဲ့ ရင်ကိုပိုပြီူလှုပ်ခတ်စေခဲ့တယ် ။

"Mingyu yah! မနေ့ညက ဘာမှမဖြစ်ခဲ့ဘူးမလား "

မျက်နှာကြီး နီရဲပြီး မေးနေတဲ့ Wonwoo ကိုကြည့်ရင်း Mingyu အသည်းယားလာသလို စလဲစချင်တာကြောင့်

Love can read your mind * Meanie *Where stories live. Discover now