Ep 12: တားဆီးမရတဲ့ချစ်ခြင်း

1.1K 97 2
                                    


Wonwoo 's Prov

Wonwoo အတွက်ဒီညဟာအိပ်ပျော်ဖို့မလွယ်ပါဘူး တစ်ပတ်ခန့်သာနေသွားပေမဲ့ Mingyu မရှိတဲ့လစ်ဟာမှုခံစားချက်ကသိသိသာသာကိုတိတ်ဆိတ်လွန်းလှပါတယ် ။ အချိန်ပြည့်အစားစားဖို့ ပူပန်နေတတ်ပြီး မစားရင်ခွံကျွေးတတ်တာ ကလေးတစ်ယောက်လို ချွဲချင်ပြီး မချွဲရပဲသူကပဲအလျော့ပေးတတ်တာ အဲ့လိုအပြုအမူတွေအပြင် Wonwooကိုအမြဲငေးစိုက်ကြည့်နေတဲ့မျက်ဝန်းတစ်စုံကို သတိရမိတာအမှန်ပါ။ နောက်တစ်ခုထူးခြားတာက Mingyuရဲ့ နှုတ်ခမ်းကို သူရင်းနှီးနေပါတယ် ။ စဉ်းစqားလို့လဲမရဖြစ်မိပါတယ် ။ သူအိပ်ပျော်ဖို့ကြိုးစားလေ အိပ်မရလေဖြစ်နေပြီး အတွေးတွေနယ်ချဲ့နေမိပါတယ် ။ အတွေးပေါင်းများစွာနဲ့ အိပ်ပျော်သွားတဲ့ Wonwoo ရဲ့ နောက်နိုးထလာမဲ့မနက်ခင်းတွေကရောသတိရခြင်းတွေများလား ??????

Next Morning !!!! 8:00 AM

"Yahh !!! JeonWonwoo!!!! အခုထ ! Wonwoo yahhh ထပါဟာ ကြောင်ကြီးကိုက်တော့မှာ "

"ကျယ်လောင်တဲ့အော်သံ နဲ့အတူ Wonwoo ရဲ့ အိပ်စက်ခြင်းတွေကိုရပ်တံ့သွားစေခဲ့ပါတယ်။ Wonwoo တစ်ယောက်ကြားလိုက်ရတဲ့အသံကြောင့် မျက်လုံးကိုဖွင့်ကြည့်မိတော့  Yerin !!!!! အိပ်မက်များမက်နေတာလားလို့တောင်ထင်မိပါတယ် ။ အရင်ကလိုပိန်ပိန်လေးမဟုတ်တာ့ပဲမိန်းကလေးတစ်ယောက်ပီသလာတဲ့ body နဲ့ မျက်နှာကသာ သူမဆိုတာကိုမှတ်မိစေတာပါ ။

"Yerin ???? Jinja ?????"

"Yah ! Wonwoo အခုထ ငါပြန်ရောက်လာတာဘယ်သူမှမသိသေးဘူး ပထမဆုံးသိတာ နင်ပဲ "

"Yah ! Jinja Yerin !!????"

JeonWonwoo အိပ်ရာထဲကနေထပြီးပြေးဖက်လိုက်ပါတယ်။

ရုတ်တရက်မို့သူ့ကိုယ်သူသတိမထားမိ ပဲ ဖြစ်သွားပါတယ် သူအင်္ကျီမပါပါဘူး (omo :'( မတရားမြင်ချင်နေပြီ )

Yerin တစ်ယောက်အံ့သြပြီး တွန်းထုတ်မိပါတယ် ။
နူးညံ့ချောမွ့တဲ့အသားအရေနဲ့ရင်ခွင်ကျယ်က သူမစိတ်ထဲဝင်လာပါတယ်။ သူမရဲ့သူငယ်ချင်းWonwoo ရဲ့ ညှို့အားကရိုက်ခတ်မှုကိုသူမ မခံစားနိုင်တောပါဘူး။

*************************

Mingyu's Prov

Kim Mingyu တစ်ယောက်စနေတနင်္ဂနွေတွေကိုခဲယဉ်းစွာဖြတ်သန်းပြီး တနင်္လာနေ့ကိုရောက်တာ့ Wonwooကိုတွေ့ချင်စောနဲ့စောစောထွက်လာခဲ့ပါတယ်။ သူဖုန်းမဆက်ရဲစာမပို့ရဲတာကြောင့် သူအသံလေးဖြစ်ဖြစ်ကြားချင်လွန်းလှပါတယ် သူကျောင်းရဲ့ဂိတ်ပေါက်ဝ က အကွယ်လေးမှာရပ်စောင့်နေတုန်း Wonwoo ရဲ့ပုံရိပ်ကို တွေ့လိုက်တော့ပျော်သွားမိပါတယ် ။ လှမ်းခေါ်ဖို့ပြင်နေတုန်း Wonwoo ရဲ့လက်မောင်းတစ်ဖက်ကိုပိုင်နိုင်စွာ တွဲခိုပြီး စကားပြောနေတဲ့ မိန်းကလေးတစ်ယောက်ကိုသူမြင်လိုက်ရပါတယ်။ Wonwoo ကရယ်ပြုံးပြီး ထိုမိန်းကလေးရဲ့ခေါင်းကိုပုတ်လိုက်တဲ့ မြင်ကွင်းက Kim Mingyu ရဲ့အမြင်အာရုံတွေအကို ဝေဝါးသွားစေပြီး ခင်းငိုက်စိုက်ကျသွားစေပါတယ် ။

Love can read your mind * Meanie *Where stories live. Discover now