The Beginning

2.8K 215 0
                                    

မနက် :၀၀
Jimin စတူဒီယို မှထွက်လာပြီး အိမ်သို့ပြန်ရန်
လမ်းတွင်လူတွေကတိတ်ဆိတ်နေပြီ
တစ်ယောက်တည်းမို့ အနည်းငယ်လန့်နေသော်လည်း
နားတွင်နားကျပ် တပ်ကာဆက်လျှောက်သွားလိုက်သည် .. သို့သော် နားကျပ်ထဲတွင်ဘာသီချင်းမှဖွင့်မထား
သူ နှင့် Taehyung နေသောအိမ်သည် စတူဒီယို နှင့်
မိနစ် နှစ်ဆယ်လောက်လှမ်းသည်
မိနစ်နှစ်ဆယ်လုံးလုံး တစ်ယောက်တည်းမလျှောက်ရဲ
ထို့ကြောင့်သူသည် ဖြတ်လမ်းမှသွားရန်ရွေးချယ်လိုက်သည် .. ထိုဖြတ်လမ်းသည် လမ်းကြိုလမ်းကြားမှသွားရမည်ဖြစ်သော်လည်းအလွန်တရာပင်ပန်းနေသောကြောင့် သူရွေးချယ်ခဲ့သည်

ထိုသို့ရွေးချယ်လိုက်ခြင်းသည် မှားယွင်းမှန်း သူသာသိခဲ့ပါလျှင် ....

သူဖြတ်လမ်းအတိုင်းသွားပြီး လမ်းကြားလေးတစ်ခုထဲတွင် လူရိပ်နှစ်ခုရှိနေသည်ကိုမသိပဲ အမှုမဲ့အမှတ်မဲ့နှင့်
ဆက်လျှောက်သွားလိုက်သည်
ထိုနေရာသို့ရောက်ခါနီးတွင်မှသေချာချာသဲသဲကွဲကွဲ
မြင်လိုက်ရသည်မှာ ...
လူနှစ်ယောက် တစ်ယောက်က အမည်းရောင်အင်္ကျီနှင့်
ဦးထုပ်ကိုဆောင်းထားသည်
သူ၏လက်ထဲတွင် သေနတ်တစ်လက်
ထိုသေနတ်ဖြင့် နောက်တစ်ယောက်အားချိန်ထားသည်

သူကြောက်လန့်သွားခဲ့သည်
သို့သော် ဘယ်သွားရမယ်မှန်းမသိသဖြင့်ပုန်းနေမိသည်
ထိုလူသတိမထားမိပါစေနှင့်ဟု ဆုတောင်းနေမိသည်
ထိုလူနှစ်ယောက်ပြောနေသောစကားများကို
ပုန်းနေရာမှကြားရသောကြောင့် နားထောင်နေမိသည်

" နောက်ဆုံးပြောချင်တဲ့စကား ?? "
သေနတ်ကိုင်ထားသည့်သူက တစ်ဖက်လူကိုမေးသည်

" မင်းသူဌေးကိုသူပျော်လို့ရတုန်းပျော်ထားလို့
သူ့ရဲ့ အဆုံးသတ်ချိန်ရောက်တော့- "
စကားတောင်မဆုံးလိုက်သေး
သေနတ်သံတစ်ချက်နှင့်အတူ လူတစ်ယောက်
လဲကျသွားသံ Jimin ကြားလိုက်ရသည် .

" မင်းက တော်တော်စကားများလွန်းတယ် "
ထိုသူက အေးစက်သောအပြုံးနှင့်ပြောနေသည်

Jimin ငိုချင်လာသည် . သူသည်လူသတ်မှုတစ်ခုကို
မျက်မြင်တွေ့လိုက်ရသည်ကိုး
သူသည်လူသတ်သမားနှင့်အနည်းငယ်သာကွာဝေးပြီး
နည်းနည်းလှုပ်ရှားမိသည်နှင့်သူပါအသက်ပျောက်မည်ဖြစ်သည် ..
ထို့နောက် ဘဝတွင် ပထမဆုံး Taehyung စကားနားမထောင်မိသည်ကို နောင်တရမိလိုက်သည်

" အလုပ်ကပြီးသွားပြီ နောက်ထပ်ဘာလိုသေးလဲ ? "
Jimin ထိုသူဖုန်းပြောနေသည်ကိုကြားလိုက်သည်

ဟိုဘက်ကဘာပြန်ပြောသည်မသိ
" အာ့ဆိုလည်း ကျွန်တော်အိမ်ပြန်ပြီ " ဟုပြောကာ
ထွက်သွားသည်

လူသတ်သမား ဘယ်လမ်းသို့သွားခဲ့လဲသူမသိသဖြင့်
သူ့အိမ်ဘက်သို့သာ ပြန်ရန်ထွက်လာခဲ့သည်သို့သော်အနောက်က ခြေသံတွေကြားရသဖြင့် ငိုချင်စိတ်ကိုထိန်းကာ အမြန်ပြေးသွားခဲ့သည်

ခြေသံများတိတ်သွားသောကြောင့်ခေတ္တနားကာ
သေချာအောင်စောင့်ကြည့်မိသည်
မိနစ်အနည်းငယ်ကြာပြီးနောက်
အိမ်သို့ပြန်ရန် ပြင်လိုက်စဉ်

" ဘယ်သွားမယ်လို့စိတ်ကူးနေလဲ? "
Jimin လန့်သွားသည်
ထို အသံ ထိုအသံ လူသတ်သမားအသံ
သူမှတ်မိနေသည် ..

ဟင် သူ့အသံ သူမှသူအစစ်
ထွက်ပြေးလို့လည်းလွှတ်နိုင်တော့မှာမဟုတ်ဘူး
ငါ့ကိုသတ်သွားမှာလားမသိဘူး

ပြေးချင်ပေမယ့်လဲ ကြောက်လန့်နေသော
စိတ်ကအနိုင်ယူထားသဖြင့် ခြေထောက်ကရွေ့လို့မရ ..

စိတ်ကိုလဲမစုစည်းနိုင်တော့ပဲသူ့အနားကိုတစ်ဖြည်းဖြည်းချင်းလာနေသော
လူသတ်သမား ကိုသာသေချာစူးစိုက်ကြည့်နေမိသည်

အနားကိုသူတိုးလာလေလေ
ကြောက်စိတ်တွေက ပိုစိုးမိုးလာလေလေ ..
လမ်းကလဲအဆုံး .. ပုန်းနေတဲ့နေရာကလဲ
ထောင့်တွင်မို့ ပြေးဖို့ရာလဲမဖြစ်ချေ ..

ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေချိန်
မထူးတော့ဘူးဟုဆိုကာ
မျက်လုံးကိုစုံမှိတ်ထားလိုက်သည် ...

" အ "

တစ်လောကလုံးမှောင်မဲသွားလေပြီ ....

_______________TBC

Insane : Erased | Season 1 • Completed Where stories live. Discover now