Tears

1.4K 188 13
                                    

Yoongi တစ်ယောက် Jimin အဆင်ပြေရဲ့လား
သိချင်၍ သွားချောင်းကြည့်မိသောအခါ ကြမ်းပြင်ပေါ်တွင် မျက်နှာဖောင်းဖောင်း မျက်လုံးမို့မို့နှင့် အိပ်ပျော်နေသည့် Jimin ..
ဘယ်လောက်တောင်များငိုထားသည်မသိ ..
Yoongi လည်း ကြမ်းပြင်ပေါ်တွင်မထားခဲ့ရက်၍
သူ့အခန်းထဲသို့ခေါ်သွားပြီး ခုတင်ပေါ်သိပ်ခဲ့လိုက်သည်.. သူကတော့ Sofa ပေါ်တွင် ..

နောက်တစ်နေ့မနက် ..
Jimin's Pov
' ဟင် ငါမနေ့ကကြမ်းပြင်ပေါ်မှာ အိပ်ပျော်သွားတာပါ
ဘယ်လိုဖြစ်လို့ ခုတင်ပေါ်ရောက်နေတာလဲ '

" ဟိုလူကြီး လာခေါ်သွားတာလားမသိဘူး "

' ခေါင်းတွေကလည်းကိုက်လိုက်တာ .. '

ထိုစဉ် တံခါးပွင့်လာပြီး..

" အော် မင်းနိုးနေပြီကိုး .. နိုးနေပြီဆိုလည်းရေလေးဘာလေး ချိုးလိုက်ဦး Jungkook လာမှာ "

" အင်း "

. . . .

Jimin's Pov
ရေချိုးခန်းထဲဝင်လိုက်သည်နှင့် Bathtubကိုတွေ့ရသည်.. Bathtub ကိုမြင်တော့ ကျွန်တော် အရမ်းပျော်သွားမိသည် .. ကျွန်တော် Bathtub ထဲတွင်ရေနွေးလေးနှင့် အေးဆေး မချိုးရသည်မှာ ဒီအိမ်ရောက်ကတည်းကပင် ..

Jimin အတွေးများနှင့်ပင် Bathtub ထဲတွင် မှေးနေလိုကိသည် .. အိပ်ပျော်သွားသည်ကိုပင်မသိလိုက်

Yoongi's Pov
ဒီကောင်လေး ဘာတွေလုပ်နေတာလဲ ..
ရေချိုးမယ်ဆိုပြီး ထွက်ကိုမလာဘူး
နှစ်နာရီလောက်ရှိနေပြီ ဟုတ်ကောဟုတ်သေးရဲ့လား
သွားကြည့်ဦးမှဖြစ်မယ် ..

Yoongi ရေချိုးခန်းတံခါးအားခေါက်သော်လည်း
ဘာမှပြန်မပြောသဖြင့် စိတ်ပူကာတံခါးအားသော့နှင့် ဖွင့်လိုက်သော်..
Bathtub ထဲတွင်အိပ်ပျော်နေသော Jimin ..
သူလဲအအေးပတ်မည်ဆိုး၍ Jimin အားပွေ့လာလိုက်ပြီး ခုတင်ပေါ်တင်လိုက်သည် ..

Insane : Erased | Season 1 • Completed Onde as histórias ganham vida. Descobre agora