Min Yoongi ?

1.6K 198 4
                                    

" Hyung ကျွန်တော် Hyung အကြောင်းကိုအသိဆုံးHyung ဘဝမှာ ဘယ်သူ့ကိုမှသနားတယ်ဆိုတာမရှိခဲ့ဘူး ... ဘာကိုမှဂရုမစိုက်ပဲ သတ်ခဲ့တာတွေကြီးပဲ
အခုမှ ဘာလို့လဲ ? "

Yoongi ဖိုင်လ် တစ်ခုကိုထုတ်ပြလိုက်သည်

" PARK JIMIN သူလဲမွေးစားခံခဲ့ရတာ
ငယ်ငယ်လေးထဲက .. ငါတို့လို "

Namjoon သိလိုက်သည် .. Yoongi သည် မည်သို့ပင်သူများတွေက ခံစားချက် မရှိသော လူ လက်မတွန့်သောသူ လူစိတ်မရှိသောသူဟုပြောကြသော်လည်းမိသားစုနှင့် ပတ်သတ်လာလျှင် သူအရမ်းခံစားရသည်..စိတ်အားငယ်မှုများဖြစ်တတ်သည် .. သူထုတ်မပြတာသာရှိတာ တစ်ကယ်ကသူ့စိတ်ကို ခန့်မှန်းနိုင်သည်

Yoongi တစ်ခါတစ်ခါ မိဘများသူ၏သားသမီးများနှင့်
အတူသွားလာဆော့ကစားနေသည်ကို မြင်တိုင်း
ငေးငေးကြည့်နေသည်ကို Namjoon အမြဲသတိထားမိသည် ..

သို့သော် ဘယ်တော့မှ Yoongi အားမပြောပြ
မမေးဖြစ်ပေ.. လူတိုင်းတွင်အားနည်းချက်
တစ်ခုဆီတော့ရှိကြသည်မဟုတ်လား ?

ထို့နောက် Yoongi ရဲ့ပုခုံးလေးကိုသာပုတ်ပြီးသူထွက်လာခဲ့သည် ..
Yoongi ဆက်လက်၍တီးတိုးပြောနေသောစကားများကိုတော့ သူမကြားလိုက်

" ပြီးတော့ သူက စိတ်ဝင်စားဖို့ကောင်းတယ်လေ " ဟူ၍

Jimin သည် Yoongi သူငယ်ချင်းများနှင့် စကားပြောနေသည်မှာတစ်နာရီ နှစ်နာရီလောက်ရှိပြီဖြစ်သော်
လည်း Yoongi ကိုဘယ်မှာမှရှာမတွေ့

' သူ နောက်ထပ် မစ်ရှင်တွေရှိလို့နေမှာပေါ့ '
သူတွေးမိလိုက်သည်

Jungkook တို့သည်တော်တော်ခင်ဖို့ကောင်းသည်ဟု သူမြင်သည်

အကယ်၍သာ သူသည် Yoongi နှင့် အရင်မတွေ့ဖြစ်ခဲ့လျှင် သူတို့အမှန်တစ်ကယ် လူသတ်သည်ဟူသောစကားကို ကိုယ်တိုင် ကြားရလျှင်တောင် ယုံကြည်နိုင်မည်မဟုတ်ပေ ....

Insane : Erased | Season 1 • Completed Where stories live. Discover now