One who can't even find himself

1.4K 181 15
                                    

Yoongi အချိန်အတော်ကြာလောက်တွေဝေနေခဲ့ပြီး
လဲနေရာမှထကာ ရေခဲသေတ္တာထဲရှိရေခဲတုံးကို
ယူပြီး အဝတ်စနှင့်ပတ်ကာ အထိုးခံထားရသော
နှုတ်ခမ်းနားကို တေ့လိုက်သဖြင့်အနည်းငယ်တော့
နာကျင်ခြင်းကိုခံစားလိုက်ရသည် ..

ထို့နောက် သူ့ကိုယ်သူ မှန်ထဲပြန်ကြည့်လိုက်မိသည် ..
သူကိုယ်တိုင်နားလည်လိုက်သည်မှာ
ဘာကြောင့်သူ့ကို Jungkook က အရင်တုန်းက
Min Yoongi ကိုပြန်လိုချင်တယ်လို့ပြောရခြင်း၏
အဓိပ္ပာယ်..သူသူ့ကိုယ်သူတောင် မမှတ်မိနိုင်လောက်
တော့အောင်သူပြောင်းလဲနေခဲ့သည်..

Yoongi's Pov
အရင်တုန်းက Min Yoongi ?
' ငါ့ရဲ့ အရင်တုန်းက ပုံစံ ? '
တစ်ယောက်တည်းထိုစကားအား
ကျွန်တော်ထပ်ခါထပ်ခါပြောနေမိသည်..
ကျွန်တော့်ကိုကျွန်တော်တောင်နားမလည်နိုင်
Jungkook တို့ ဆိုဘယ်လောက်တောင်
နားလည်ရ အဖြေရှာရခက်နေမည်နည်း ..
ကျွန်တော် ဘယ်အချိန်လောက်ကတည်းက
ဒီလောက်ထိ ခံစားချက်မရှိ , အေးစက်ပြီး
ရက်စက်တဲ့ သူပုံစံမျိုးဖြစ်လာမိတာလဲ ကျွန်တော်မသိ
ကျွန်တော့်ခေါင်းထဲတွင်ဆက်တိုက်ကြားယောင်နေခဲ့မိသောစကားများ ;
" မင်းလုပ်စရာရှိတာကို သွေးအေးအေးနဲ့လုပ်..
ကိစ္စတစ်ခုကို မြန်မြန်လက်စသတ်ခဲ့..မသနားနဲ့
မျက်မြင်သက်သေတွေဘာတွေရှိရင်လည်း
တစ်ယောက်မှအရှင်မထားနဲ့ .. ကိစ္စရှင်းပြီးတာနဲ့
ငါ့ဆီပြန်ဖုန်းဆက် "
ထိုစကားများသည် ကျွန်တော့်အတွက်တော့
တက်တူး တစ်ခုလို ဖျောက်ဖျက်လို့မရ..
ကျိန်စာသင့်နေသော တက်တူး တစ်ခုကဲ့သို့ပင်
ဘယ်တော့မှပျောက်ကွယ်သွားနိုင်မည်မဟုတ်..
ကျွန်တော် အခုလို ရိုင်းရိုင်းပြောရလျှင်
ခိုင်းဖက်ခွေးတစ်ကောင်လို လိုက်လုပ်ပေးခဲ့ရခြင်းများသည်လည်း ကျွန်တော့် ညီလေး , Jungkook
ကိုကာကွယ်ပေးဖို့..ကျွန်တော်ကိုယ်တိုင်
တောင့်ခံနိုင်ခဲ့မှ သူ့ကိုကာကွယ်ပေးနိုင်မည်မဟုတ်လား ??

သူစံအိမ်ကြီးထဲ ပထမဆုံးစတင်ဝင်ရောက်လာတော့
ဘယ်သူနဲ့မှ အရောမဝင်ပဲကြောက်လန့်နေသည့်
နှစ်သားကောင်လေးတစ်ယောက်..
ထိုအချိန် ကျွန်တော့်အသက် ၈နှစ်..
သူ့အားစတင်မြင်မိသည့်အချိန်မှစ၍ကျွန်တော်
သူ့အားကာကွယ်ပေးရမည်ဆိုသော အတွေးဝင်ခဲ့သည်
သူ့အား အရင်စကားသွားစပြောခဲ့သည်

Insane : Erased | Season 1 • Completed Onde as histórias ganham vida. Descobre agora