First meeting

2K 210 0
                                    

Jimin ဖြည်းဖြည်းချင်းမျက်လုံးကိုဖွင့်ကြည့်လိုက်သည်သူကြမ်းပြင်ပေါ်မှာ လဲနေခဲ့သည်မှာ
ဘယ်လောက်ကြာပြီလဲသူမသိ

" ဟ-ဟင် ငါမသေသေးဘူး "
သတိရရချင်းဘေးဘီကိုကြည့်လိုက်ပြန်တော့လဲဘယ်ရောက်နေမှန်းမသိ ..

လက်နှစ်ဖက်ကိုနောက်ပစ် ကြိုးတုတ်လဲခံထားရသည်
ထိုင်ဖို့ထဖို့မလွယ်ကူပေ ..
သို့သော်လဲ သူဒီနေရာကထွက်ဖို့ကြိုးစားမှရမှာကိုး

အတတ်နိုင်ဆုံး အားကုန်သုံးပြီးထထိုင်လိုက်သည်
သေချာထထိုင်လိုက်တော့မှ ဘေးမှာသူ့ကိုမိန့်မိန့်ကြီးထိုင်ကြည့်နေသည့် မျက်လုံးတစ်စုံ ..

ထိုလူသည် ထိုင်ခုံပေါ်တွင်ကျနစွာထိုင်နေပြီး Jimin
ကိုကြည့်နေသည်သူသည်လည်း ထိုလူအား ပြူးပြီး
သေချာကြည့်နေမိသည်

" ငါ့မျက်နှာမှာ မင်းစိတ်ဝင်စားစရာများရှိနေလို့လား? "

ထိုအသံ ထိုအသံကိုသူမှတ်မိသည် ..
အဲ့လူအသံကြားတော့မှညက ကိစ္စများကိုသတိရသွားကာကြောက်အားလန့်အားဖြင့်နောက်ဆုတ်ရန်
ကြိုးစားသည်

" အော် ...သနားစရာ "
Yoongi အေးစက်စွာပြုံးလိုက်ကာမတ်တတ်ရပ်လိုက်သည်

" ကျွန်တော့်ကိုမသတ်ပါနဲ့နော် တောင်းပန်ပါတယ်
ကျွန်တော်ဘယ်သူ့ကိုမှပြန်မပြောပါဘူး "

" မင်းကဘာတွေကြားလိုက်တာလဲ ? "
သူ၏အေးစက်သောမျက်လုံးများဖြင့်
Jimin ကိုကြည့်ပြီးမေးလိုက်သည် ...

" ဗျာ .. ဘာမှမကြားပါဘူး တစ်ကယ်ပါ ကျွန်တော်
ကျိန်ရဲပါတယ် "

" ဟား .. မင်းကငါ့ကို xာက်ရူးများမှတ်နေလား? "

" တစ်-တစ်ကယ်ပါဗျာ ဘာမှမကြားပါဘူး "
Jimin တုန်ယင်ကာပြောမိသည်

" မင်းအဲ့ဒီနားမှာရှိနေတာ ဆယ်မိနစ်လောက်ကြာတယ်
မင်းကိုငါ သတိမထားမိဘူးထင်နေတာလား ?
မင်းလမ်းကြားထဲကို စဝင်လာကတည်းကမြင်နေတာ ရှင်းလား? "
Yoongi ထိုသို့ပြောလိုက်ပြီး အိပ်ကပ်ထဲတွင်ရှိသော
ဓါးလေးကိုအပြင်သို့ထုတ်လိုက်သည် ..

Insane : Erased | Season 1 • Completed Where stories live. Discover now