What is he ?

1.3K 157 15
                                    

" Minnie ? ဘာတွေးနေတာလဲ ? "

" -ဗျာ M-Minnie ? ဘာမှမတွေးပါဘူး "

" haha စကားတွေတောင်ထစ်လို့မင်းသားလေးရယ် "

" -ဟမ် မထစ်ပါဘူး "

" မင်းလေးပြောတဲ့အတိုင်းပါလေ ဟုတ်ပါပြီ "

Yoongi ကပြောပြီးတီဗီဘက်ကိုမျက်နှာမူထားပြီး
Jimin ကတော့ Yoongi ကိုစိုက်ကြည့်နေလေသည်။ထို့နောက် Jimin ရုတ်တရက် ထလိုက်ကာ ထိုင်နေသော Yoongi နားသွားပြီး မျက်နှာချင်းဆိုင်ဖြစ်စေရန်ကြမ်းပြင်ပေါ်တွင်ဒူးထောက်ထိုင်ချလိုက်ပြီး Yoongi ၏ပါးလေးကို ကိုင်ကာ ..

" လူတိုင်းရဲ့အတွင်းစိတ်ထဲမှာ မကောင်းဆိုးဝါးတစ်ကောင်ဆီတော့ရှိတတ်ကြတာပဲ တစ်ခါတစ်လေကျရင်ကျွန်တော်တို့စိတ်ကိုမထိန်းနိုင်ရင် အဲ့မကောင်းဆိုးဝါးကြီးက ထိန်းချုပ်သွားပြီး ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် Self ကိုပျောက်နေခဲ့တယ် "

Jimin က Yoongi ၏မျက်နှာလေးကိုကိုင်ထားသည်မှလွှတ်လိုက်ပြီး Yoongi ၏ရင်ဘတ်နားကိုလက်ထားလိုက်ပြီး ..

" ဒါပေမယ့် ဒီထဲက ဒီထဲက နှလုံးသားကြီးကခုန်နေသေးသ၍ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် Self ကိုအချိန်မီပြန်ရှာလို့ရသေးတယ် ကျွန်တော်ကူပြီး - "

Jimin စကားကိုပင်ဆုံးအောင်မပြောလိုက်နိုင် ..
Yoongi က Jimin ၏နှုတ်ခမ်းလေးအားဆွဲယူနမ်းလိုက်သောကြောင့်ပင် ..

မျက်ရည်များ သူ့မျက်နှာပေါ်သို့ကျဆင်းလာသောကြောင့် Jimin အနမ်းကို ရပ်လိုက်သည် ..

< Jimin's Pov >

ဟင် .. သူငိုနေတယ်
Min Yoongi ကငါ့ရှေ့မှာ ငိုနေတယ်
ကျွန်တော် သူ၏ငိုနေသောမျက်နှာလေးအားဖြေးဖြေးလေးထိကာ မျက်ရည်များကို သုတ်ပေးနေမိသည်..
သူကျွန်တော့်ကို ကြည့်နေသည်ကို ခံစားမိသည် ..
ဒါပေမယ့် ကျွန်တော် မျက်လုံးချင်းမဆုံအောင်ကြိုးစားမိသည် .. သူ့ရဲ့ ငိုထားသောမျက်လုံးများ ငိုထား၍နီရဲနေသော မျက်လုံးများကိုကျွန်တော်မကြည့်ရက် ..
သူငိုနေတာကို ကြားရရုံ မြင်ရရုံနဲ့တင်
ကျွန်တော့်နှလုံးသား တစ်ခုလုံးပေါက်ကွဲထွက်တော့မယ့်အတိုင်း နာကျင်ရသည်..

Insane : Erased | Season 1 • Completed Donde viven las historias. Descúbrelo ahora