• မသေချာမှု •

1.6K 198 2
                                    

Jimin အနည်းငယ်လန့်သွားသော်လည်း
ချက်ချင်း ကြောက်စိတ်ကို ဖယ်လိုက်ကာ
ဂရုမစိုက်သော မျက်နှာထားလုပ်ပြလိုက်သည် ..

ထိုအခါ Yoongi မှာဒေါသအလွန်ထွက်သွားပြီး

" မင်းအပြင်မှာ လူတွေရှိမှန်းသိလို့ တစ်မင်အော်တာ
ငါမသိဘူးများမှတ်နေလား ? ဟမ်
ဟင်း မင်းကိုငါအခု သေနတ်ချက်ချင်းထုတ်လိုက်ပြီး
မသတ်ဘူးးလို့များ မင်းကထင်လို့လား ? "

" ဟား ခင်ဗျား သတ္တိရှိရင်လုပ်လိုက်လေ
လုပ်ရဲရင် လုပ်လိုက် "
ပြောပြီးချက်ချင်း သူ့ကိုယ်သူ သေနတ်ယူပြီးသာ
သတ်သေချင်စိတ်များပေါက်လာသည် ..

တစ်ကယ်လည်း Taehyung ပြောနေကြစကားများကိုခေါင်းထဲတွင်မှန်ကြောင်းတွေးနေမိသည် ..

သူသည် မိမိ၏မာန နှင့် သိက္ခာအားထိခိုက်လာလျှင်
ဘာကိုမှ အရေးမထားဘဲ ပြန်ပြန်ပြောတတ်သည် ..

" ငါ့ကို လာမစမ်းနဲ့နော် Park Jimin "

" လုပ်လိုက်စမ်းပါ "

' Fuck ငါကလဲပြောမိပြန်ပြီ
ဒီလူပုစိတ်တို ကြီးက တစ်ကယ်လုပ်မှ ငါတော့သေနေဦးမှာပဲ . ဒီပါးစပ်ကတော့လေ သေချင်တာပဲ '

Yoongi မချိပြုံးပြုံးလိုက်ကာ

" အော် မင်းက လွန်ခဲ့တဲ့ တစ်နာရီလောက်တုန်းကတော့ ကြောက်နေလိုက်တာများ .. ဟား အခုကြတော့
ရုတ်တရက်ကြီး အပြောတွေကြီးနေလိုက်တာများ
Congrats နော် hah "

" Hyung , Hyung သူငယ်ချင်းကို မမိတ်ဆက်ပေးတော့ဘူးလား ? "

" Jungkook အိမ်ရှေ့မှာသွားနေ Hyung ခဏနေလာခဲ့မယ် ဒီမှာ ရှင်းစရာလေးရှိလို့ "

ထိုအခါ Jungkook မျက်နှာဆူပုတ်သွားကာ
Jimin လက်ကိုဆွဲကာ သူ့နားကိုခေါ်လိုက်သည်

" Hyung ကလည်းဗျာ ကျွန်တော်တို့ကလာလည်တာကို ကျွန်တော်တို့ကို ပစ်ထားပြီး Hyung ရဲ့ ရည်းစားလိုလို ကစားစရာလိုလိုသူနဲ့ အချိန်ဖြုန်းမလို့လား ?
ပြီးတော့ နေပါဦး သူအိမ်သာသွားချင်တယ်ပြောနေတာမလား လွှတ်လိုက်စမ်းပါ ကျွန်တော် ခေါ်သွားလိုက်မယ် "
ဟုပြောကာ Jimin အားအိမ်ရှေ့သို့ခေါ်ခဲ့လိုက်သည်

Insane : Erased | Season 1 • Completed Where stories live. Discover now