The boys

1.7K 198 0
                                    

" ဒေါက် ဒေါက် ဒေါက် "
Yoongi ထိုင်နေရာမှထလိုက်ပြီး စိတ်မပါသောမျက်နှာနှင့်တံခါးသွားဖွင့်ပေးလိုက်သည်
သူသည် ယခုအချိန်တွင် လူတွေရှုပ်ရှုပ်နှင့်မနေချင်ပေ
သို့သော် ,

" Hyunggggggggg "
Jungkook သည် Yoongi ကိုမြင်မြင်ချင်း
ဖက်တွယ်ကာ ချွဲနေသည်

" မင်းတို့မှာငါ့ကိုတစ်ယောက်တည်းနေဖို့အချိန်လေး
တောင်ပေးဖို့စိတ်ကူးရှိကြရဲ့လား? "

ထိုအချိန်တွင် Jimin သည်
အခန်းထဲတွင်သာရှိနေသေးပြီး စကားသံများ အိမ်ရှေ့မှ ကြားသဖြင့်ခိုးနားထောင်နေသည်..

" Hyung ကျွန်တော်တို့ဖုန်းကိုကိုင်ရင်တော့တစ်မျိုးပေါ့ သူကဖြင့်ဖုန်းခေါ်တာတောင်အဖတ်မှမလုပ်ဘဲ "
ဟူ၍ဗြစ်တောက်ဗြစ်တောက်ပြောနေသည်

" ဟာာကွာာ မင်းတို့ကတော်တော် စိတ်ညစ်ဖို့ကောင်းတာပဲ တစ်ကယ် လက်ဖျားခါတယ် သုံးကောင်လုံးကို "
Yoongi စိတ်မရှည်စွာပြောလိုက်သည် ..

Jimin သေချာနားထောင်နေရာမှ ..
' သူတို့က သူ့ရဲ့ ပါတနာတွေများလား ? ပြီးတော့ ငါဒီမှာရှိနေတာကောသူတို့သိနေလားမသိဘူး ' ဟုတွေးနေသည် ..

" Hyung မစ်ရှင် ဘယ်လိုလဲ ? "

" လွယ်လွန်းတယ်ဟင်းး ပြီးတော့ပျင်းဖို့လဲကောင်းတယ် ငါဖြင့်စိတ်တောင်ပျက်တယ် "

" ဟွန့် Hyung အတွက်ကတော့ဘာကြီးပဲဖြစ်ဖြစ်လွယ်ပြီးပျင်းတယ်ဆိုတာကြီးပဲကို "
Jungkook ထိုသို့ပြောလိုက်သည်နှင့် Yoongi မှာနဖူးကိုဖြေးဖြေးလေးလှမ်းရိုက်လိုက်သည် ..

" အော်အေးအေး ပြောကြပြောကြ ငါ့အိမ်လာပြီးတော့ ငါ့ကိုပဲ ဝိုင်းပြောနေကြတယ် "

ထိုအခါ jungkook သည် Yoongi ပြန်ပြောသောစကားများကိုသဘောကျ၍ရယ်မောနေသည်

ထို့နောက်သူတို့မှာ တစ်ခြားအကြောင်းအရာများကို
ဆက်ပြောနေကြပြီဖြစ်သည်
သူ့အကြောင်းလဲတစ်ခွန်းမှမဟကြပေ .,

ထိုအခါ Jimin သည် သူရှိနေသည်ကို
ထိုသူတို့မသိမှန်းသိသွားကာ ခေါင်းထဲတွင်
အကြံကောင်းတစ်ခုပေါ်လာသည် ,,

အန္တရာယ်များမှန်းသူသိသော်လည်းသူ၏အတွင်းစိတ်
တစ်နေရာထဲတွင်တော့ သူ့အားအဆင်ပြေမှာပါဟု
ပြောနေသလိုပင် ,,

အသက်ပြင်းပြင်းရှူကာ တံခါးကို တစ်ဒုန်းဒုန်းထုပြီး
" ကျွန်တော် ရှူးပေါက်ချင်နေပြီိ အားးးးး မရတော့ဘူးး
တံခါးဖွင့်ပေးးကြပါ အားးးးး မကြားကြဘူးးလားးးး
ဖွင့်ပေးပါ မရတော့ဘူးး "

ထိုအခိုက် အခန်းပြင်တွင်ရှိသော လေးယောက်လုံးအသံတိတ်သွားကြပြီး
သုံးယောက်မှာ မျက်နှာစူပုတ်ပြီး ဒေါသထွက်နေသည့် Yoongi ကိုကြောင်ကြည့်နေကြသည် ..

" Hyungg အိမ်မှာဧည့်သည်ရှိနေတာလား
ကျွန်တော်တို့ကိုတောင်မပြောဘူး ? "

စိတ်တိုနေသဖြင့် ထိုစကားကိုလျစ်လျူရှုပြီး Jimin ဆီသို့အမြန်ထွက်လာခဲ့သည်

သူတံခါးဖွင့်လိုက်သော် လက်သေးသေးလေးနှင့်
လက်ပိုက်ထားကာ သတ္တိရှိစွာ သူ့အားကြည့်နေသော
Jimin ကိုတွေ့လိုက်ရသဖြင့်ဒေါသထောင်းခနဲ ထပ်မံထွက်သွားသည် ...

ထို့နောက် Jimin နှင့်မျက်နှာချင်းဆိုင်ရန်
ရှေ့ကိုတိုးလိုက်သည်
ထိုအခါ Jimin အနည်းငယ် လန့်သွားပြီး နောက်သို့ပြန်ဆုတ်သည်

" မင်းကိုမင်းဘာလုပ်နေတယ်ထင်လဲ ? "
Yoongi အေးစက်လှသောအသံဖြင့်မေးသည်

" ကျွန်တော်ပြောတဲ့ထဲမှာ ခင်ဗျားနားမလည်တာဘာရှိလဲ ? ကျွန်တော်ပြောတယ်လေ ရှူးပေါက်ချင်တယ်လို့ "

" -မင်းး "
Yoongi တင်းသွားပြီး Jimin အားရိုက်ရန်
လက်ရွယ်လိုက်မိသည် ...

_________________TBC

Insane : Erased | Season 1 • Completed Wo Geschichten leben. Entdecke jetzt