Is it the Love ?

1.3K 163 23
                                    

Jungkook ငယ်စဉ်ကတည်းကပင်
တစ်ဖြေးဖြေးပြောင်းလဲလာသော Yoongi အား
အတတ်နိုင်ဆုံးစကားစမိရန်ကြိုးစားသည်..
သူကြိုးစားတိုင်းလည်း အချည်းနှီးပင်..
ပင်ပန်းနေလို့ပါ ဟုဆိုကာ
စကားလမ်းကြောင်းအမြဲလွှဲမိသည်..
ထိုအခါ Jungkook က နှုတ်ခမ်းလေးဆူကာ
Hyung ကအမြဲပင်ပန်းနေတာပဲဟုပြောနေမြဲ..
ထိုသို့နှုတ်ခမ်းလေးဆူကာပြောသည့် ပုံစံကို Yoongi
အလွန်ချစ်သည်.. Jungkook သူ့အား Train သော
သူများနှင့်အဆင်မပြေသဖြင့် စိတ်ညစ်နေပြန်ရင်လည်း
သူမပျော်ပျော်အောင်လိုက်လိုက်စပေးနေကျပင်..

ထိုအကြောင်းများကို ပြန်တွေးမိရင်း Yoongi ပြန်ပြုံး
နေမိသည် ..
သို့ပေမယ့် သူပြုံးနေရသည့် အဓိကအကြောင်းရင်းကို
သူကိုယ်တိုင်ပင်ရှာမတွေ့ပေ..
အခုတွေးမိလိုက်သည့် သူ့ရဲ့အရင်ပုံစံကြောင့်လား?
ရေရေရာရာမသိ...
Yoongi စိတ်များရှုပ်လာသဖြင့် မှန်ကိုလက်သီးနှင့်ထိုးလိုက်သည်.. သွေးစများက သူ့လက်များအတွင်းတစ်ဖြေးဖြေးစီးကျလာသည်ကိုပင်ဂရုမစိုက်နိုင်ပဲ ဒူးထောက်ထိုင်ချလိုက်သည်...
သူ၏ အတွင်းစိတ်ထဲတွင်ရှိသော ဒဏ်ရာများ
ထိုဒဏ်ရာများကို ဖုံးအုပ်ထားခဲ့တာ..
သူကိုယ်တိုင်ကလွဲပြီး သူ၏စိတ်ဒဏ်ရာများကို
ဘယ်သူသိနိုင်မည်နည်း...

ထိုအချိန်တွင် Jimin အခန်းထဲမှ ငြီးသံသဲ့သဲ့လေး
ကြားရသဖြင့်သူသွားကြည့်မိသည်..

Yoongi's Pov

အခန်းထဲသို့ရောက်သော် ခုတင်ပေါ်တွင်
ဘယ်ညာ လူးလှိမ့်နေသော Park Jimin ..
ဘယ်လောက်တောင် အိပ်မက်ဆိုးတွေထပ်မက်နေပြန်ပြီလဲ ကောင်လေးရယ်..
အဖျားတွေတက်နေသေးတာလား..
အဟုတ်ကို ကျွန်တော်ထင်သလိုပင်
ပူကျစ်နေသော ကောင်လေး၏ခန္ဓာကိုယ်..
ရေပတ်တိုက်ပေးရန် ရေချိုးခန်းထဲသို့ Towel တစ်ထည်အားယူသွားကာ ရေစွတ်ပြီး သူ့အားသုတ်ပေးမိသည်.. သူ့မျက်နှာလေးကို ကြည့်မိတိုင်း ကျွန်တော့်စိတ်တွေနူးညံ့သွားသလိုပင်..

Insane : Erased | Season 1 • Completed Where stories live. Discover now