Finally Opening up

1.3K 164 10
                                    

Jimin ဘာကြောင့် Yoongi အပေါ်ထိုစိတ်များဖြစ်နေသည်ကို သူကိုယ်တိုင်ပင်နားမလည်..
Yoongi မှာ သူ့အခန်းထဲသို့ပြန်ရောက်နေပြီဖြစ်သောကြောင့် သူလည်း အသိစိတ်ကိုပြန်ဝင်အောင်လုပ်ကာ သူနေမကောင်းမဖြစ်ခင်ကအချိန်ကို သေချာပြန်စဉ်းစားမိသည်..

သူနောက်ဆုံးမှတ်မိသည်က သူနှင့် Yoongi ၏အနမ်း
ဘာကြောင့် သူတို့နမ်းသည်ကို သူမမှတ်မိ
ထို့ကြောင့် တစ်ဖြေးဖြေးနှင့် ပြန်စဉ်းစားရသည် ..
< memories >
Yoongi ကသူ့ကိုမဲ့ပြုံးပြုံးပြီး ကြည့်နေသည်..
သူသည် အခန်းထဲတွင်Yoongi နှင့်နှစ်ယောက်တည်းမဟုတ်..အနောက်တွင်လူတစ်ယောက်ရှိသည်..
ထိုသူကား Jungkook ..
Jungkook ကသူ့ကိုသတ်ရန်ဓားတစ်ချောင်းနှင့်..

ထိုအချိန်နောက်ထပ် Jungkook တစ်ယောက်
ထပ်ဝင်လာသည် ..
Jimin ကကြောက်လန့်ပြီးအော်ကာ အတင်းရုန်းနေသည်.. Jungkook မှာတော့ သူ့အားဖက်ထားပေးပြီးမလှုပ်နိုင်အောင် စိတ်ငြိမ်အောင် စကားပြောပေးနေသည် ..ထို့နောက် သူ့ကို Yoongi ကပေးလိုက်သောအနမ်း..သူမှတ်မိလာလေပြီ ..

သေချာသော အဖြေများရရှိစေရန် သူ Yoongi အခန်းထဲသို့ ပြေးဝင်သွားသည် ..

" ဝိုးး မင်းသားလေး .. ဖြေးဖြေးလာပါ ချော်လဲနေပါဦးမယ် "

" အာ့ဆိုကျွန်တော့်ကို Jungkook ကသတ်ချင်တာမဟုတ်ပဲနဲ့ ကျွန်တော် အဖျားတက်ပြီး ထင်ယောင်ထင်
မှားဖြစ်တာပေါ့ ? အဲ့ဒီလိုလား "

" အင်း မင်းလေး ထင်ယောင်ထင်မှားဖြစ်တာ "

" ဒါပေမယ့် သူသတ်ချင်တယ်မလား တစ်ကယ်လဲ ? "

" ဘာကိုမေးချင်တာလဲ ? "

" ခင်ဗျားပဲ သူကကျွန်တော့်ကို သတ်ချင်တယ်ဆို
တစ်ကယ်လို့ ခင်ဗျား မသတ်ရင် သူကသတ်မှာဆို "

" အော် အရူး .. မင်းကိုသူဘယ်လိုသတ်လဲဆိုတာတွေပြောပြတာ..သူမင်းကိုသတ်တာမသတ်တာက သူ့စိတ် သူ့အပေါ်မူတည်တာ .. ဒါပေမယ့် ငါရှိနေသ၍တော့ သူမင်းကို ဘာမှလုပ်မှာမဟုတ်ဘူး "

Insane : Erased | Season 1 • Completed Where stories live. Discover now