💗 3. 💗

3.3K 282 8
                                    

အနှီနှစ်​​ကောင်​မုန့်​ဝယ်​​ကျွေးမည်​ဟူ၍
Cafe သို့​ရောက်​​နေ​သော်​ညား
ထိုနှစ်​​ကောင်​သည်​ သူငယ်​ချင်းရင်းချာ
မိမိအားရှိသည်​ဟုပင်​မမှတ်​ယူ
Ph ကြည့်​ပြီးတခိုးခိုး တခိခိနှင့်​ရယ်​​နေသည်​မှာ
စောင်​မြင်​ကပ်​စရာ​တော်​​တော်​​ကောင်းသည်​။
ဂါး.....စိတ်​​တွေရှည်​တယ်​​နော်​။
ပြော​တော့ဖြင့်​ စိတ်​ဆိုး​နေလို့
ချော့မလို့ပါတဲ့။ ခုများph နဲ့ပလူး​နေလိုက်​ကြတာ...
စောင်​ RS​ဒေ ချီးကားတိုက်​​သေကြစမ်းကွာ....
နေဦး...အဲ့တာဆို သူတို့ရည်းစားငါ့အကို​တွေ
သေကုန်​အုန်းမယ်​။ မဖြစ်​ဘူး....မဖြစ်​ဘူး...
ချီးကားတိုက်​မ​သေနဲ့...​စောင်​ RS ​တွေအကုန်​ပြတ်​ကြစမ်း။
တကတည်း ​ရောက်​ထဲကကိုကြည်​နူး​နေကြတာ
ခုချိန်​ထိမပြီးနိုင်​ကြ​သေးဘူး။
ပြန်​ရင်​လဲအိမ်​လိုက်​လာပြီး ​တွေ့ကြမယ့်​ဟာပဲ
စောင်​ကဲပိုလွန်းအားကြီးတယ်​။
တော်​ပြီ...ဒင်းတို့ကိုဆက်​ကြည့်​​နေရင်
ငါ​လေးအကုသိုလ်​​ဒေမဟားတရားများမှာပဲ....
မုန့်​ကိုသာအာရုံစိုက်​စား​ရင်း ဂနာမငြိမ်​​သော
မျက်​လုံးများသည်​ ​နေရာစုံ​အောင်​လိုက်​ကြည့်​မိသည်​။
ဒီဆိုင်​​လေးမဆိုးဘူးဟုထင်​​ကြေး​ပေးမိသည်​။
Decoration ပိုင်းသည်​ရိုးရိုး​လေးနှင့်​အမြင်​လှသည်​။
စားပွဲဝိုင်းများ၏အလယ်​ဟုထင်​ရ​သော​နေရာတွင်
ပန်းအိုးခပ်​ကြီးကြီးနှင့်​ အပင်​တစ်​ပင်​ရှိသည်​။
စိတ်​ထဲတွင်​ နာမည်​​တောင်​မသိ​သော
ဆိုင်​ပိုင်​ရှင်​ကိုချီးကြူးမိ​သေးသည်​။
ကြည့်​​နေရင်းမှ စားပွဲတစ်​ခုသို့
မျက်​စိအ​ရောက်​ ​တွေ့လိုက်​သည့်​မြင်​ကွင်း​ကြောင့်
မျက်​ခုံးများတွန့်​ချိုးမိသွားသည်​။
အမည်​မသိ​သောခံစားချက်​တစ်​ချို့​ကြောင့်
ရင်​ထဲမွန်းကြပ်​လာသည်​။

Xing Hyung!!!
ထိုသည်​ကားအ​ကြောင်းရင်းမဟုတ်​။
ကိုငယ့်​​ရှေ့တွင်​ထိုင်​​နေ​သော ဖြူဖြူနုနုနှင့်
ယုန်​ဖြူ​ပေါက်​နှင့်​တူ​သော ​ကောင်​​လေး​ကြောင့်​ပင်​ဖြစ်​သည်​။
ထို​ကောင်​​လေးကို ကြည့်​​နေ​သောမျက်​၀န်း...
ထိုမျက်​၀န်းများမှသိနိုင်​​သော အချစ်​များ....
သိ​နေသည့်​အ​ကြောင်းအရာကိုပင်
မြင်​လိုက်​ရ​သော်​လည်း စိတ်​ထဲမ​ကောင်း။
တစ်​ခုခုဆုံးရှုံးသလိုခံစားချက်​မျိုး....
ကိုကြီးနှင့်​ကိုလတ်​ကို​တောင်​ အဲ့​လောက်​မဟုတ်​။
အချစ်​ဆုံးကိုငယ့်​ကို ဒီလိုပုံစံမြင်​ရခြင်းသည်
ရင်​ထဲမချိမဆန့်​ခံစားရသည်​။
ကိုကြီးနှင့်​ကိုလတ်​ကို မချစ်​၍လည်းမဟုတ်​။
Hun အတွက်​​တော့ အစ်​ကိုသုံး​ယောက်​လုံးသည်
အရာအားလုံးထက်​အ​ရေးကြီးသည်​။ ချစ်​သည်​။
ထိုအထဲမှာမှ ကိုငယ်​ Xing ကို​တော့
သာ၍ချစ်​သည်​။ ကိုငယ်​သည်​လည်း အမြဲတမ်း
မိမိဆိုလျှင်​ အရာအားလုံးထက်​အ​လေး​ပေးသည်​။
ကိုကြီးတို့ဆူလျှင်​ ရိုက်​လျှင်​ အမြဲကာ​ပေးသည်​။

A Love That's Impossible [ ChanHun OTP ]  CompletedWhere stories live. Discover now