💗 32. 💗

2.1K 192 36
                                    

Hun ​ရှေ့မှ မျက်​ရည်​များနှင့်​ကိုလတ်​ကို
အားနားစွာကြည့်​​နေမိသည်​......
အသည်းမာသည်​ဟုထင်​ရ​သောကိုလတ်​......
ကိုငယ်​ဆုံးသွားတုန်းက​တောင်​ Hun​ရှေ့တွင်
မျက်​ရည်​တစ်​စက်​မကျခဲ့​သော ကိုလတ်​က
အခုရှိုက်​ကြီးတငင်​ကိုငို​နေသည်​......
Hun ကိုမုန့်​ဝယ်​​ကျွေးမည်​ဟု Chanနှင့်
ကိုကြီးကို​ပြောကာ​ခေါ်ထုတ်​လာခြင်း......
မ​နေ့ညက ဖြစ်​ရိုးဖြစ်​စဉ်​​ရောဂါ​ဖောက်​မှုကို
တွေ့သွားကာ အကုန်​လုံးသိသွားတဲ့ကိုလတ်​သည်
သူ့အား​ဖျောင်းဖျရန်​​ခေါ်လာခြင်းဖြစ်​မည်​......

" ခွဲစိတ်​ကြရ​အောင်​.......ကိုလတ်​​ပြောတာကို
နား​ထောင်​​ပေးပါ Hunရယ်​.....ကိုလတ်​ရဲ့
တူမ​လေးဘာမှမဖြစ်​ရ​စေရဘူးလို့
ကိုလတ်​ကတိ​ပေးပါတယ်​​နော်​.....
နောက်​မကျခင်​ခွဲစိတ်​ကြရ​အောင်​.....ကိုလတ်​တို့
Hunကိုပါလက်​မလွှတ်​ချင်​​တော့ဘူး.....
Xingတစ်​​ယောက်​နဲ့တင်​ ကိုလတ်​တို့ရဲ့
ဆုံးရှုံးမှုကလုံ​လောက်​ပြီမို့ ကိုလတ်​တို့ကို
သနားပါဦး Hunရယ်​......အမြန်​ဆုံး
ခွဲစိတ်​ကြရ​အောင်​​နော်​..... "

သူ့လက်​နှစ်​ဖက်​ကို ကိုင်​ကာ အသနားခံ​သော
မျက်​၀န်းများနှင့်​​ပြောလာ​သော ကိုလတ်​......
သူတကယ်​ကိုအားနာသည်​.....
သူ့အတွက်​​ကြောင့်​ ဘယ်​သူ့ဘယ်​သူ့ကိုမှ
မနာကျင်​​စေချင်​ပါ......
ကျဆင်းလာမည့်​မျက်​ရည်​တို့ကိုထိန်းချုပ်​ကာ
အတတ်​နိုင်​ဆုံးတည်​ငြိမ်​စွာ​ပြောလိုက်​သည်​.....

" ​တောင်းပန်​ပါတယ်​ ကိုလတ်​.....Hun....
Hunမလုပ်​နိုင်​ဘူး.....Hunအသက်​ရှင်​ဖို့
တစ်​ခုထဲကြည့်​ပြီး လူ​လောကထဲ​တောင်
မ​ရောက်​​သေးတဲ့က​လေး​လေးကို
မစ​တေးနိုင်​ဘူး ကိုလတ်​.....အကယ်​၍များ
ခွဲစိတ်​မှုမ​အောင်​မြင်​ခဲ့ရင်​ ဆုံးရှုံးရမှာအသက်​နှစ်​​ချောင်း
ဖြစ်​သွားမှာ ကိုလတ်​.....အဲ့ဒီ့အစား Hun....
Hunတစ်​​ယောက်​တည်း.... "

" အဲ့ဒီ့စကားကိုထပ်​မ​ပြောနဲ့ Hun​လေး.....
ကိုလတ်​ဘယ်​သူ့ကိုမှအဆုံးရှုံးမခံနိုင်​ဘူး....
Hunဗိုက်​ထဲက က​လေး​လေးကကိုလတ်ရဲ့
တူမ​လေးပဲ.....ကိုလတ်​တို့ရဲ့​သွေးသားပဲ.....
ဘယ်​​တော့မှလက်​လွှတ်ခံမှာမဟုတ်​ဘူး.....
ကောင်းပြီ......ကိုလတ်​ကိုကတိတစ်​ခု​ပေးပါ...
ကိုလတ်​ရဲ့တူမ​လေး​မွေးပြီးတာနဲ့ခွဲစိတ်​ပြီး
ကိုလတ်​တို့ဆီ​ကောင်း​ကောင်းမွန်​မွန်​ပြန်​လာခဲ့ပါမယ်
ဆိုတဲ့ကတိ......အဲ့ကတိကိုသာတည်​နိုင်​​အောင်
ကြိုးစား​ပေးပါ Hun​လေး.... "

A Love That's Impossible [ ChanHun OTP ]  CompletedΌπου ζουν οι ιστορίες. Ανακάλυψε τώρα