💗 15. 💗

1.9K 186 20
                                    

Yifan တစ်​​ယောက်​ခွဲစိတ်​ခန်း​ရှေ့
ခေါက်​တုံ့​ခေါက်​ပြန်​​လျှောက်​​နေမိသည်​။
Hun​လေးခွဲစိတ်​​နေသည်​မှာ
အချိန်​အားဖြင့်​ နှစ်​နာရီကြာမြင့်​​နေပြီဖြစ်​သည်​။
ယခုအချိန်​ထိဆိုးသည်​​ကောင်းသည်
မသိရ​သေး။

Xingကိုလက်​လွှတ်​လိုက်​ရသည့်​တိုင်
Hun​လေးကို​တော့လုံးဝလက်​မလွှတ်​နိုင်​....
အငယ်​ဆုံး​လေးမို့ အချစ်​ပိုရသည်​။
ထိုက​လေးပါဆုံးရှုံးရမည်​ဆိုလျှင်
ရူးသွားရပါလိမ့်​မည်​။
ကျဆင်း​နေ​သောမျက်​ရည်​တို့သည်
ရင်​ထဲကအပူကို​တော့ မငြှိမ်းသတ်​နိုင်​​ပေ။

" ကိုကိုရယ်​.....စိတ်​​အေး​အေးထားပါ​နော်​။
Hun​လေးက​တောင့်​ခံနိုင်​မှာပါ။ ကိုလတ်​လည်း
အထဲမှာ​သေချာ​စောင့်​ကြည့်​​နေတာပဲ။
ဒီမှာ Baek နဲ့ Soo ​စောင့်​​နေလိုက်​ပါမယ်​။
အခု​တော့ကိုကို.....ကိုငယ့်​ဈာပနကိုစီစဉ်​ရမှာ​ပေါ့။ "

အဖျားနားတိုးညှင်းသွား​သောအသံငယ်​သည်
ငိုချင်​စိတ်​ကိုမည်​မျှထိန်းချုပ်​ထားရသည်​ကို
သိသာ​စေသည်​။

မျက်​ရည်​သုတ်​​ပေး​နေ​သောလက်​တစ်​ဖက်​ကို
အသာဆုပ်​ကိုင်​ကာ​ခေါင်းငြိမ့်​ပြလိုက်​ပြီး
စီစဉ်​စရာရှိသည်​တို့ကိုစီစဉ်​ရန်
ထွက်​လာခဲ့လိုက်​သည်​။

ထွက်​သွားသည်​​သေချာမှနှစ်​​ယောက်​သား
ထိန်းချုပ်​ထားသည်​တို့ကို လွှတ်​ချကာ
ငို​ကြွေးမိ​တော့သည်​။

ထိုစဉ်​မျက်​စိ​ရှေ့​ရောက်​လာ​သော
ဖိနပ်​တစ်​စုံ.....

" Chan...Chanyeol hyung!!! "

မို့အစ်​​နေ​သောမျက်​လုံးများနှင့်
နီရဲ​နေ​သောမျက်​လုံးများအရ
မည်​မျှငို​ကြွေးထားသည်​ကိုသိနိုင်​သည်​။
မည်​မျှခံစားရ​နေသည်​ကိုလည်းသိနိုင်​သည်​။

အချစ်​ဆုံးသူငယ်​ချင်းနှင့်​ချစ်​သူ
နှစ်​​ယောက်​စလုံးသည်​ အ​ဖေဖြစ်​သူ​ကြောင့်​အန္တရာယ်
ဖြစ်​ရသည်​ဆို​သောအသိသည်​ မည်​မျှ​သွေးပျက်​​စေမည်​ကို
ကိုယ်​ချင်းစာမိသည်​။

" Hun....Hun​လေး အ​ခြေအ​နေဘယ်​လိုတဲ့လဲ
Baekhyun!!! "

" Hun​လေးကဦး​ခေါင်းဒဏ်​ရာအပြင်
ရင်​ဘတ်​မှာလည်းမှန်​အကွဲထိုးမိထားတယ်​။
ခေါင်းကဒဏ်​ရာကသိပ်​မပြင်း​ပေမယ့်
ရင်​ဘတ်​ကဒဏ်​ရာက​နက်​တော့ နှလုံးကို
ထိခိုက်​သွားနိုင်​တာမို့ ခွဲစိတ်​ပြီးမှ
အ​ခြေအ​နေသိရမယ်​တဲ့..... "

A Love That's Impossible [ ChanHun OTP ]  CompletedWhere stories live. Discover now