💗 9. 💗

2.4K 198 12
                                    

Chan ကအိမ်​​ရှေ့​ရောက်​​နေပြီဟုဖုန်းဆက်​ထား၍
အ၀တ်​ဗီရို​ရှေ့ဗျာများ​နေသူ အ​နော်​ Hunပင်​.....
ဘာဝတ်​လို့ဝတ်​ရမှန်းကိုမသိ....
က​လေးဆန်​သည်​ကတစ်​မျိုး.....
ကြည့်​မ​ကောင်းသည်​ကတစ်​ဖုံ....
ကုတင်​​ပေါ်တွင်​လည်းအ၀တ်​​တွေပုံ​နေပြီဖြစ်​သည်​။

ဒေါက်​....​ဒေါက်​!!!

" ဟုတ်​....၀င်​ခဲ့ပါ။ "

" Hun ​လေး.....ဗီရို​ရှေ့ဘာ​တွေအလုပ်​ရှုပ်​​နေတာလဲ။
ကြည့်​ပါဦး....အ၀တ်​​တွေပွ​နေတာပဲ။ "

" ဟီး......Hun က Chan နဲ့ dateမို့
ဘာဝတ်​ရမလဲမသိတာနဲ့ အဲ့လို​တွေဖြစ်​ကုန်​တာ။
ကိုငယ်​လာတာနဲ့အ​တော်​ပဲ....ဘာဝတ်​ရမလဲ
ကူ​ရွေး​ပေး "

" Hun အခုဝတ်​ထားတာလည်း
အဆင်​​ပြေတာပဲ။ အဲ့တာ​လေးပဲ
ဝတ်​သွားလိုက်​...သွား....
Chan ​စောင့်​​နေတယ်​မလား။ "

" တကယ်​အဆင်​​ပြေလို့လား။ အဲ့တာဆို
ဒီတိုင်းပဲသွား​တော့မယ်​။ Chan က
စောင့်​​နေတာ ကြာ​လောက်​ပြီ။ "

" အင်း......Yeol ကိုအရမ်းဂျီမကျနဲ့ဦး​နော်​။ "

" ဟုတ်​ကဲ့ပါ ခင်​ဗျာ "

Xing ​ကျောပိုးအိတ်​​လေးလွယ်​ကာ
ပြေးထွက်​သွားတဲ့ ညီဖြစ်​သူကိုကြည့်​​နေစဉ်​...
ရုတ်​တရက်​ ​နောက်​ပြန်​လှည့်​လာကာ
ရင်​ခွင်​ထဲ​ပြေးဝင်​လာ​သော Hun​လေး​ကြောင့်
အံ့သြသွားသည်​။

" ခုနက ကိုကြီးကိုကူ​ပြော​ပေးလို့ ကိုငယ့်​ကို
ကျေးဇူးတင်​တယ်​။ ပြီး​တော့အရမ်းချစ်​တယ်​။ "

" ကူ​ပြော​ပေးလို့ချစ်​တာ​ပေါ့....ဟုတ်​လား....
ကူမ​ပြောရင်​မချစ်​​တော့ဘူး​ပေါ့ "

" ဟုတ်​ပါဘူး ကိုငယ်​ကလည်း Hunက
ဘယ်​လိုဖြစ်​ဖြစ်​ ချစ်​ပါတယ်​​နော်​။ "

" ဟုတ်​ပါပြီ။ သွား​တော့​လေ....
နောက်​ကျ​နေမယ်​။ "

သွားဆိုတာနဲ့ တစ်​ချိုးတည်း​ပြေးသွားတဲ့
ငချွဲ​လေး.....
သူများ rs ​တွေကြည့်​ရင်းကြည်​နူးလို့မဖြစ်​....
ပိတ်​ရက်​မှာ Ho Hoယုန်​​လေးနဲ့ date မှပါ။

################################

Hun တစ်​​ယောက်​​လှေကားအတိုင်း​ပြေးဆင်းလာကာ
တစ်​အိမ်​လုံးမျက်​လုံး​ဝေ့ကာကြည့်​လိုက်​သည်​။
All clear ပါ.....​ခြေသံကိုဖွဖွ​လေးနင်းကာ
အိမ်​အပြင်​ထွက်​ခဲ့သည်​။
ငါကွ....​နောက်​ဆုံး​တော့ ဘယ်​သူမှမပါပဲ
အပြင်​ထွက်​နိုင်​​တော့မည်​။
ကိုယ့်​အ​တွေးနဲ့ကိုယ်​ ​ကျေနပ်​​နေသည်​မှာ
နောက်​မှကိုယ့်​လို ဟိုကြည့်​ဒီကြည့်​နှင့်
ကုပ်​​ချောင်းကုပ်​​ချောင်းလိုက်​လာ​သော
လူနှစ်​​ယောက်​ကိုသတိမထားမိ​ပေ။

A Love That's Impossible [ ChanHun OTP ]  CompletedWhere stories live. Discover now