💗 12. 💗

2.1K 193 13
                                    

နွေး​ထွေးလွန်း​သော ​နေ​ရောင်​ခြည်​​ကြောင့်
Hun မျက်​လုံးများပွင့်​လာသည်​။
အိပ်​ရာနိုး​နေပြီဖြစ်​​သော်​လည်း မထချင်​​သေး။

အိပ်​ရာ​ဘေးမှဖုန်း​လေးကိုယူကြည့်​မိသည်​။
ဖုန်း​ခေါ်ထားသည်​မရှိ​သော​ကြောင့်
စိတ်​ထဲတစ်​မျိုးဖြစ်​သွားသည်​။

ယခုဆိုလျှင်​ chan နှင့်​သူနှင့်​ချစ်​သူသက်​တမ်း
လေးလရှိ​နေပြီဖြစ်​သည်​။
ထို​လေးလအတွင်း chanကသူ့ကို
အရမ်းဂရုစိုက်​သည်​။ ချစ်​သည်​။
ကိုကြီးတို့သည်​ chanနှင့်
မပတ်​သက်​​စေချင်​​သေး​သော်​လည်း
ဘာမှ​တော့မ​ပြောကြ။

ကိုကြီးတို့စိတ်​ပူ​နေသည်​မှာ
chanအ​ဖေရဲ့လုပ်​ငန်းများ​ကြောင့်​ဖြစ်​သည်​။
Chanကိုလည်း ထိုလုပ်​ငန်းထဲ
ပါဝင်​သွားမည်​ကို စိုးရိမ်​ကြခြင်းဖြစ်​သည်​။
Chan ကလည်း ကတိတည်​သည်​။
တရားမ၀င်​လုပ်​ငန်းများတွင်​ နည်းနည်း​လေး​တောင်
မပတ်​သက်​ခဲ့​ပေ။

ခုလည်းအလုပ်​ကိစ္စနဲ့ ခရီးထွက်​​နေခြင်းဖြစ်​သည်​။
US ဘက်​ဖြစ်​၍ အချိန်​အ​ပြောင်းအလဲ​ကြောင့်
Chanနှင့်​ဖုန်း​ပြောရတာသိပ်​အဆင်​မ​ပြေ။
အလုပ်​ကိစ္စသွား​နေရသူဖြစ်​၍ အပူလဲမကပ်​ချင်​။
ကိုယ်​ဖုန်းစ​ခေါ်မည်​ဆို​တော့လည်း
Chan အိပ်​​ရေးပျက်​မည်​ကိုစိုးရိမ်​၍မ​ခေါ်ဖြစ်​။

လွမ်းသည်​။ ​ပြောမပြတတ်​​အောင်​ကိုလွမ်းသည်​။
ထိုစဉ်​ မြည်​လာ​သောဖုန်းသံ....
အမြန်​ကြည့်​မိ​တော့ ❤Chan❤ဟူ​သော
စာလုံး​လေးသည်​အထင်းသား....
Answer call ကိုအမြန်​နှိပ်​မိသည်​။

" Hun​လေး...... Morning!!!! "

အသံကြားလိုက်​ရသည်​နှင့်​ ကျဆင်းလာ​သော
မျက်​ရည်​တို့သည်​ ထိန်းချုပ်​မရ။
ရှိုက်​သံသဲ့သဲ့ ထွက်​သွားသည်​။

" ဟင်​....Hun! ငို​နေတာလား။
ဘာဖြစ်​တာလဲ။ ဘယ်​သူဘာလုပ်​လို့လဲ။
မြန်​မြန်​​ပြောပါ Hunရယ်​.....
ကိုယ်​စိတ်​ပူလာပြီ။ "

" ဟင့်​.....ဘယ်​သူမှ.....ဟင့်​....
ဘာမှမလုပ်​ဘူး....ဟင့်​.....Chan​ကြောင့်​....
ဟင့်​....Chan ကိုလွမ်းလို့....အီး...ဟီး......
Hunကိုပစ်​ထားတယ်​။ ဖုန်းလည်းမဆက်​ဘူး။
စိတ်​ပုပ်​ကြီး.....​နေနိုင်​လိုက်​တာ....ကိုငယ်​​ရေ...
ကိုငယ့်​သူငယ်​ချင်းကHunကို
မချစ်​​တော့ဘူးနဲ့တူပါတယ်​....အီး....ဟီး "

A Love That's Impossible [ ChanHun OTP ]  CompletedOnde histórias criam vida. Descubra agora