💗 13. 💗

1.9K 172 15
                                    

Sehunတို့​လေး​ယောက်​ တိုင်​ပင်​ထားသည့်​အတိုင်း
Club သို့လိုက်​သွားရန်​ဆင်းလာကြသည်​။

တင်းမာလွန်းသည့်​အ​ခြေအ​နေ​ကြောင့်
မည်​သူတစ်​ဦးတစ်​​ယောက်​မှ စကားမ​ပြောရဲကြ။

ကား​ပေါ်တက်​ရန်​ ကားတံခါးလက်​ကိုင်​ကို
ကိုင်​လိုက်​စဉ်​....

" အစ်​ကို​လေးတို့ ဒါကဘယ်​ကို.... "

ဝုန်း!!!!

ကားတံခါးကို ​ဆောင့်​ပိတ်​လိုက်​သည်​​ကြောင့်
အကုန်​ တအံ့တသြဖြစ်​ကုန်ုကြသည်​။

" အပြင်​သွားမလို့....လူထည့်​​ပေးမယ်​မလား။
ကား​ပေါ်အမြန်​တက်​....Moon clubကိုသွားမယ်​။ "

" ဒါ​ပေမဲ့ အစ်​ကိုကြီးတို့ပြန်​လာ..... "

" ​အေး.....အဲ့ဒီ့ မင်းတို့အစ်​ကိုကြီး​တွေကို
သွားဖမ်းမလို့။ ​နောက်​ကျလို့မမိ​တော့ရင်
မင်းတို့အကုန်​​သေမယ်​သာမှတ်​!!!
Baek....Soo....Hyung!!!
ကား​ပေါ်တက်​။ မင်းတို့လိုက်​မပို့ရင်
ငါကိုယ်​တိုင်​​မောင်းမယ်​။ "

ထိုအချက်​နဲ့တင်​ ​အကုန်​​ခေါင်းကြိမ်းကုန်​ကြသည်​။
အစ်​ကို​လေး ကား​မောင်းသည်​ကိုသာသိလျှင်
ပိုအ​ခြေအ​နေဆိုးမည်​ဖြစ်​သည်​။
မတတ်​နိုင်​သည့်​အဆုံး ​ကြောက်​​ကြောက်​နှင့်​သာ
ကား​မောင်းပို့လိုက်​ရသည်​။

အ​နောက်​ခန်းတွင်​ ထိုင်​​နေ​သော​လေး​ယောက်​၏
မျက်​နှာအ​ခြေအ​နေအရclubတွင်​ရှိ​နေသည်​ဆို​သော
အစ်​ကိုကြီးတို့အ​ခြေအ​နေကိုခန့်​မှန်းမိသည်​။
အ၀တ်​အစားနဲ့တင်​ အစ်​ကိုကြီးတို့
မျက်​လုံးပြူးကုန်​မည်​မှာ အ​သေအချာ။
အစ်​ကို​လေးတို့​လေး​ယောက်​စလုံး
တစ်​ခါမှမ၀တ်​ဖူး​သော ​ဘောင်းဘီဒူးအထက်​အတိုများ
ဝတ်​ထားကြသည်​။
ရှပ်​အင်္ကျီအဖြူများအား ကြယ်​သီးနှစ်​လုံးဖြုတ်​ကာ
ရင်​ဟိုက်​ထားကြသည်​။ တစ်​​ယောက်​တည်းမဟုတ်​။
လေး​ယောက်​စလုံး ရှပ်​အင်္ကျီအဖြူဆင်​တူဖြစ်​ကြသည်​။
ကိုယ့်​နဖူးကိုယ်​သာ ခပ်​နာနာရိုက်​မိ​တော့သည်​။

" ​တောက်​!!! နားကား​ကောင်​!!!
ဘာ...လွမ်းတယ်​ ဟုတ်​လား။
မနက်​ဖြန်​မှပြန်​လာမယ်​​ပေါ့​လေ။
Wu Sehunအ​ကြောင်း
ကောင်း​ကောင်းသိ​စေရမယ်​။ "

A Love That's Impossible [ ChanHun OTP ]  CompletedWhere stories live. Discover now