💗 23. 💗

2.5K 176 24
                                    

အခန်းထဲသို့ဝင်​လာ​သော ​နေ​ရောင်​ဖြဖြ​ကြောင့်
မျက်​၀န်းတို့ပွင့်​လာခဲ့သည်​......
နောက်​ဘက်​နားမှ သူ့အားသိုင်းဖက်​ထား​သော
လက်​တစ်​စုံ.....
မ​နေ့က ည​နေ​စောင်း​လောက်​ကတည်းက
အိပ်​​ပျော်​သွားသည်​မှာ အခုမနက်​မှနိုးလာခြင်းဖြစ်​သည်​။
အဖြစ်​အပျက်​အချို့​ကြောင့်​ မျက်​နှာသည်
ပူ​နွေးလာခဲ့သည်​။

ဖက်​ထား​သောလက်​အားအသာဖယ်​ချကာ
အိပ်​ရာ​ပေါ်မှ​ဖြည်းညှင်းစွာ​ထထိုင်​လိုက်​သည်​တွင်
ကျောရိုးတစ်​​လျှောက်​ကျင်​ခနဲဖြစ်​ခြင်းနှင့်​အတူ
အိပ်​​ပျော်​​နေ​သော Chanကိုမျက်​​စောင်းထိုးမိသည်​။
အ၀တ်​မကပ်​​သောအ​ခြေအ​နေ​ကြောင့်
အနီးအနားမှ သဘတ်​တစ်​ထည်​ကိုပတ်​ကာ
မှန်​ပြတင်းနားသို့ တ​ဖြေး​ဖြေးသွားလိုက်​သည်​။

လှပလွန်း​သော ပင်​လယ်​ကြီးကို​ငေး​နေစဉ်​....
သိုင်းဖက်​လိုက်​​သော လက်​တစ်​စုံနှင့်
ပခုံးစွန်း​ပေါ်ကျ​ရောက်​လာ​သောအနမ်းတို့​ကြောင့်
ကိုယ်​ကိုကျုံ့မိသွားသည်​။

" Chan.......​စော​စောစီးစီးကွာ.... "

ခပ်​ချွဲချွဲ​ပြောလိုက်​မိသည်​​ကြောင့်
ရယ်​သံအချို့ကြားလိုက်​ရသည်​။
တကယ်​ပါ......​သောက်​ကျိုးနည်း
ရှက်​​နေတာပါဆို.....
ဘယ်​လိုအသံနဲ့စကား​ပြောမိလိုက်​သည်​မသိ.....

" ​စော​တော့​ရောဘာဖြစ်​လဲ!!!
ကိုယ့်​ချစ်​သူနဲ့ကိုယ်​နမ်းတာပဲ......အဲ....
အခုချစ်​သူလို့​ပြောလို့ဘယ်​ရ​တော့မလဲ "

" ဟမ်​!!! ဘာဖြစ်​လို့လဲ Chanရဲ့!!! "

နား နားသို့ကပ်​ကာ​ပြောလိုက်​သည့်စကား​ကြောင့်
မျက်​နှာ​တွေရဲ​နေ​လောက်​သည်​......

" မ​နေ့ညက ကိုယ်​ နဲ့ Hun နဲ့နှစ်​​ယောက်​အတူ.... "

" Chan ​နော်​!! "

" ရှက်​​နေတာလား!!! ဒီဘက်​လှည့်​ပါဦး!!!
ရှက်​​နေတဲ့မျက်​နှာ​လေးမြင်​ဖူးချင်​လို့ပါ!! "

ပြောလည်း​ပြော လူကိုအတင်းဆွဲလှည့်​​နေသည်​​ကြောင့်
အရှက်​တို့ပိုရပြန်​သည်​.....

A Love That's Impossible [ ChanHun OTP ]  CompletedWhere stories live. Discover now