💗 28. 💗

2.2K 196 28
                                    

ရပ်​တန့်​သွား​သောကား​လေး​ပေါ်မှဆင်းလာ​သော
ကောင်​​လေးတစ်​​ယောက်​......
နောက်​လှည့်​ကာ​နောက်​တစ်​​ယောက်​ကို
ဂရုတစိုက်​နှင့်​ကား​ပေါ်မှဆင်းခိုင်း​နေသည်​....

" Hun!!! ​ဖြေး​ဖြေး....​ဖြေး​ဖြေးဆင်း..... "

" Chan...... "

ရရှိလိုက်​​သောမျက်​​စောင်းလှလှ.....
ပိုတယ်​လို့ထင်​လည်းမတတ်​နိုင်​.....
ခက်​ခက်​ခဲခဲပြန်​လက်​တွဲရခြင်းတွင်
ဒီ့ထက်​ပိုသည်​များပင်​လုပ်​နိုင်​သည်​.....

အိမ်​ထဲ​ရောက်​သည်​နှင့်​ အသင့်​​စောင့်​ကြို​နေ​သော
အနှီနှစ်​​ကောင်​......စပ်​ဖြီးဖြီးအခွက်​​တွေနှင့်​.....

" အိုး!!! လူ​တွေများ​ပြောင်းလဲတတ်​လိုက်​တာ.....
မ​နေ့ကနဲ့ဒီ​နေ့​တောင်​မတူကြဘူး​နော်​..... "

ခပ်​ရွဲ့ရွဲ့​ပြောလာသည်​ကို လျှာထုတ်​​ပြောင်​ပြလိုက်​သည်​။
သူတို့သည်​လည်းကိုယ်​နှင့်​ထပ်​တူ
ဝမ်းသာ​နေကြသည်​ကိုသိသည်​။

မိမိဆီသို့​လေး​လေးဆိုကာ​ပြေးလာ​သော
Yihyun​လေးကို​ကောက်​ချီလိုက်​သည်​မှာ
Chanဖြစ်​သည်​။ အစပိုင်းတွင်​​တော့
စိမ်း​နေ၍ငိုမလိုဖြစ်​​နေသည်​မှာ က​လေးချစ်​တတ်​​သော
Chan​ကြောင့်​ခဏအကြာတွင်​ရင်းနှီးသွားကြသည်​။

" Baekhyun!!! ​တော်​​သေးတာ​ပေါ့.... "

" ဘာကိုလည်းအစမရှိ....အဆုံးမရှိ... "

" ​သြော်​.....Yihyun​လေး​ပြောပါတယ်​....
ကိုကြီးနဲ့တူလို့လူ​ကောင်​ထွား​နေတာ.......
မင်းနဲ့များတူရင်​​တော့... "

" ခွီး!!! "

ခွီးခနဲ​နေ​အောင်​ပင်​ရယ်​မိသွားသည်​။

" Yahh!!! Wu Sehun!!!
မင်း​ယောက်ျားမြန်​မြန်​​ခေါ်သွား​တော့.....
အခုပဲ​ရောက်​တယ်​....ငါ့ကိုရန်​စ​နေပြီ....
ဒီအိမ်​မှာငါက၀ါအကြီးဆုံးဆိုတာ​ပြောထားဦး!! "

" လူ​ကောင်​အ​သေးဆုံးဆိုတာပါထည့်​​ပြော​လေ!!
ဟား ဟား ဟား!!! "

" Yahh!! "

" လာပါ Chanရယ်​....စ​နေပြန်​ပြီ.....
Hunနားချင်​ပြီ.... "

A Love That's Impossible [ ChanHun OTP ]  CompletedWhere stories live. Discover now