💗 5. 💗

2.7K 245 2
                                    

Sehunnie တစ်​​ယောက်​ ဂျပုနှစ်​​ကောင်​ကို
အ​ချေတစ်​ကားရိုက်​​နေပါသည်​။ နှစ်​ရက်​​လောက်
လုံးဝ​စကားမ​ပြောတာ​တောင်​ ​နေနိုင်​ကြပုံများ
အံ့သြဘ။ အရင်​​နေ့တပိုင်းဆိုရင်​​တောင်
အ​သေအလဲလာ​ချော့​နေကြပြီ။
ကိုယ်​ကလည်းစ​ခေါ်ရန်​အစီအစဉ်​မရှိ။
မတရား​တွေ စိတ်​​ကောက်​​နေပါသည်​။

စိတ်​​ကောက်​​နေခြင်းသည်​ တစ်​ခု​တော့​ကောင်း၏။
ဟိုဟာ​တွေနဲ့ မ​တွေ့ဖြစ်​​တော့ မုန့်​စားဖို့
ကိုငယ့်​သူငယ်​ချင်း cafe သွားရင်းသည်
ပိုင်​ရှင်​နဲ့ပင်​အ​တော်​ရင်းနှီး​သွားပြီဖြစ်​သည်​။
Yeol hyung သည်​အ​တော်​သ​ဘော​ကောင်း၏။
ကျောင်းဆင်းတိုင်း မုန့်​လာစားရန်​​ပြော​။
လူမှု​ရေးကလည်းရှိ​သေး​တော့ ငြင်းရန်​မဖြစ်​​ပေ။
Xing ညီ​လေး ရိုင်းသည်​ဟုအထင်​ခံရလျှင်​မဖြစ်​။
ထို့အတွက်​​ကြောင့်​သာ လာခြင်းဖြစ်​သည်​။

ပြောမယ့်​သာ​ပြောရတယ်​ ဒီဆိုင်​က
အပြင်​အဆင်​​လေးလဲလှ....
မုန့်​​တွေကလည်းအကုန်​စားလို့​ကောင်း....
ပိုင်​ရှင်​ကလည်း​ချော....အဲ....
ပိုင်​ရှင်​​ချောခြင်းမပါ...ပြန်​ဖြုတ်​တယ်​...
ဒီဆိုင်​​ရောက်​​နေရင်​ ဟို BFFငနာနှစ်​​ကောင်​ကို
သတိမရပဲ​နေနိုင်​တယ်​။ ဟုတ်​တယ်​။
စောင်​ RS​တွေ ​စောင်​ချိုးကိုမ​ပြေဘူး။
ကိုယ်​လို FA ပဲ​ကောင်းတယ်​။
FAဆိုပြီး အထင်​​တော့မ​သေးနဲ့ အပူမရှာချင်​လို့
အေး​ဆေး​နေ ​နေတာရယ်​...ခု​နေများရည်းစားထားမယ်​ဆို
တန်းကိုစီ​နေ​ရော...ဟဲ ဟဲ

ကိုယ့်​အ​တွေးနဲ့ကိုယ်​ ​ကျေနပ်​​နေစဉ်
တစ်​စုံတစ်​​ယောက်​​​ခေါင်းကဆံပင်​များကို
လက်​ဖြင့်​ဖွလိုက်​သဖြင့်​ ​ဒေါသငယ်​ထိပ်​​ရောက်​သွားသည်​။

" အာ!! ဆံပင်​ကိုဖွတာမကြိုက်​ပါဘူးဆို​နေ....
အယ်​.... Yeol hyung ​ရောက်​လာပြီလား...ဟီး "

" sorry ​နော်​....မကြိုက်​တာကိုမသိလို့ "

" ဘာမှမဖြစ်​ပါဘူး ရပါတယ်​။ Hun က
ဟိုနှစ်​​ကောင်​ထင်​လို့။ ​ပြောမှပဲ သတိ​တောင်​ရတယ်​။
နေနိုင်​လိုက်​ကြတဲ့ ဟာ​တွေ "

A Love That's Impossible [ ChanHun OTP ]  CompletedWhere stories live. Discover now