အိမ်ကိုရောက်သည်နှင့် အခန်းဆီကိုသာ
အပြေးသွားလိုက်သည်။
နောက်ကလိုက်လာသော ကိုကြီးနှင့်ကိုလတ်
ကိုလည်းဂရုမစိုက်တော့....
ကိုလတ်ကတော့ တော်တော်ဒေါသထွက်နေပုံရသည်။
စိတ်ပူနေပုံရသော သူငယ်ချင်းတွေကိုလည်း
စကားမပြောနိုင်တော့ပေ.....အခန်းတံခါးလော့ခ်ချကာ အခန်းဝတွင်ပင်
ထိုင်ငိုနေမိသည်။
သူ Chan ကိုစိတ်ပူသည်။
ကိုလတ်ထိုးကြိတ်ထားသည်မှာအခုဆိုလျှင်
မျက်နှာတစ်ခုလုံးဖူးယောင်နေလောက်သည်။
သူပြန်လိုက်ခြင်းတွင် Chanအတော်ပင်
စိတ်ထိခိုက်လောက်သည်။
ဒါပေမဲ့....ဘာများတတ်နိုင်မှာတဲ့လည်း....
ကိုယ်ချစ်ရသူအား မျက်စိရှေ့တွင်နာကျင်အောင်
လုပ်နေသည်ကို ဘယ်လိုများကြည့်ရက်နိုင်ပါမည်နည်း။" Hunလေး!!! အခုချက်ချင်းတံခါးဖွင့်!!!
ကိုလတ်ပြောနေတာကြားလား!!! "တံခါးကိုတဘုန်းဘုန်းထုကာပြောနေသော
ကိုလတ်အသံကိုလည်းနားမထောင်ချင်တော့ပေ။" တောင်းပန်ပါတယ်။ Hunကိုတစ်ယောက်တည်း
ပစ်ထားလိုက်ကြပါ။ ကိုလတ်တို့သဘောအတိုင်း
Hunပြန်လိုက်လာပြီလေ!! ဘာတွေများ
ထပ်တောင်းဆိုကြဦးမလို့လဲ!!! တော်ပါတော့!!!
Hunလည်းနာကျင်နေရတာမို့တော်ကြပါတော့!!! "မျက်စိစုံမှိတ်ကာအော်ထုတ်လိုက်မိသည်။
ကိုကြီးနှင့်ကိုလတ်က Chanကို ကိုငယ့်ကိစ္စရဲ့
အဓိကတရားခံ၏သားမို့မုန်းသည်။ နာကျည်းသည်။
ဒါတွေက Chanလုပ်ခဲ့တာမှမဟုတ်ပဲလေ.....
Chan ကိုယ်တိုင်လည်းအချိန်တွေအကြာကြီး
ခံစားခဲ့ရသည်ကို နားလည်မပေးခဲ့ကြပေ။လွန်ခဲ့သောအချိန်ပိုင်းကပင် Chanရင်ခွင်ထဲတွင်
သူပျော်နေခဲ့သည်။ အခုသူ့ဘေးနားတွင် ခေါင်းလေးမှီရန်ပင်
Chan ပခုံးရှိမနေတော့။ အခုချိန်တွင် Chan
အရမ်းခံစားနေရမည်ကိုစိတ်ပူသည်။
လွမ်းနေသည်ဆိုသည်ကိုတော့ ရှူထုတ်လိုက်သော
လေများမှတစ်ဆင့် Chanသိနိုင်ဖို့ပင်ဆုတောင်းမိသည်။
YOU ARE READING
A Love That's Impossible [ ChanHun OTP ] Completed
Fanfictionတစ်ယောက်သောသူကိုသာ တစ်ဘ၀လုံးစာအတွက် ပုံအောချစ်မိသွားသော်ညား........ Chanyeol × Sehun Yaoi Romance