Paradise ♥ Part-1

33.2K 1.4K 24
                                    

Paradise

Part-1,

"​မောင်​....."

"​မောင်​​ရေ...ထ​တော့​လေကွာ....ကုမ္ပဏီမသွား​တော့ဘူးလား.."

နှိုးလိုက်​​တော့မှ မျက်​လုံး၂​ဖက်​ စုံပွတ်​ပြီး အိပ်​ချင်​မူးတူးနဲ့ပြုံးပြ​​နေတဲ့ မောင်.... ကျွန်တော်သိပ်ချစ်ရတဲ့ မောင် ။

သူ့နာမည်က Park Chanyeol တဲ့.....

"Morning kiss ပေးဦး မောင့်အသည်း "

mwach ♥ ♥

"ထ​တော့...​မောင့်​ကို နှိုး​နေတာကြာလှပြီ...Baek အလုပ်​သွားရ​တော့မှာ"

"အင်း....အင်း ​မောင်​ထပြီ.....
ကုမ္ပဏီကို ​မောင်​လိုက်​ပို့မှာ​နော်​...​မောင့်​ကို ​စောင့်​ဦး.."

ပြောရင်းနဲ့ ​ရေချိုးခန်းထဲ ဝင်​သွားတဲ့ ချစ်​ရသူ ​မောင်​....
ကိုယ်​နဲ့ သူနဲ့ အသက်​က ၆လပဲ ကွာ​ပေမယ့်​ သူ့ကို ​မောင်​ လို့​ခေါ်ပါတဲ့​လေ....
ချစ်​သူဖြစ်​ပြီး တစ်​နှစ်​​လောက်​မှာပဲ လက်​ထပ်​ခဲ့ကြတာ ခု​ဆို အိမ်​​ထောင်​သက်​ ၆ လ​လောက်​​တောင်​ ရှိ​ရော​ပေါ့.....
သူက electronic company မှာ CEO အဖြစ်​ တာဝန်​ယူထားရတာ သူ့အ​ဖေဆုံးပြီးတည်းက​ပင် ဖြစ်သည်။

အခု သူ့အ​မေကတော့ တိုင်းရင်း​ဆေးဝါးပစ္စည်းဆိုင်​​ ဖွင့်​ထားတာ နာမည်​​တော်​​တော်​ရ​နေပြီ....အထက်​တန်း ​နောက်​ဆုံးနှစ်​တက်​​နေတဲ့ ညီ​လေးတစ်​​​ယောက်​ရှိတယ်​။

ကိုယ်​က​တော့ အသံလွှင့်​ရုံပိုင်​ရှင်​ရဲ့သားဖြစ်​​သလို announcer တစ်​ဦး....
သူနဲ့လက်​မထပ်​ခင်​အထိ သတင်း​ကြေညာသူတစ်​​​ယောက်​လုပ်​ခဲ့​​ပေမယ့်​ သဝန်​တိုတတ်​တဲ့သူ့သမက်​အ​ကြောင်းကိုသိလို့ ​ဖေ​ဖေက ဒုမန်​​နေဂျင်း ​ရာထူး​ကို​ပြောင်း​ပေးခဲ့တယ်​....
အစ်​ကိုတစ်​​​ယောက်​ရှိပြီး Car Showroom ဖွင့်​ထားကာ အစ်​ကိုရယ်​ မရီးရယ်​ တူမ​လေးရယ်​က ​ဖေ​ဖေ ​မေ​မေတို့နဲ့အတူ​နေတယ်​.
ကိုယ်​ကသာ သက်​သက်​ အိမ်​ခွဲ​နေလိုက်​တာ....
အိမ်​ခွဲ​နေလို့ ငါးပါး​မှောက်​​နေရတဲ့ ကျွန်တော် Park Baekhyun ပါပဲ

အိမ်​မှာ လူခွဲမရှိတာ​ကြောင့်​ မနက်​စာ ထပြင်​ပြီး ​ရေမိုးချိုး အဝတ်​​လျှော်​....
ပြီးရင်​ သူ့ကိုနှိုးပြီး ရှင်းစရာရှိတာရှင်း သိမ်းစရာရှိတာသိမ်း...
Company က ပြန်​လာ​တော့လည်း လုပ်​စရာရှိတာ အကုန်​လုပ်​ပြီးမှ နားရတဲ့အဖြစ်​....
Park Chanyeol တို့ ဘာမှအားကိုးရတယ်​ကို မရှိဘူး....
အခုလည်း သူဝတ်​မယ့်​ အဝတ်​အစား​တွေထုတ်​​ပေးခဲ့ပြီး ​အောက်​ထပ်​ဆင်းကာ ထမင်းစားဖို့ ပြင်ဆင်ရင်း ​စောင့်​​နေလိုက်​တယ်​....

Paradise ♥ Where stories live. Discover now