Paradise ♥ Part-5

14.8K 998 22
                                    

Paradise

Part-5,

ဒီ​နေ့ညတော့ Jongdae တို့​မောင်​နှံ၂​ယောက်​ honeymoon ခရီးစဉ်​က​နေ ပြန်​လာတာ​ကြောင့်​ ၅​ယောက်​သား ​သူတို့အိမ်​မှာပဲ စုံပြီး ဂုဏ်​ပြုညစား စားပွဲငယ်​​လေး ဖန်​တီးဖြစ်​တယ်​။
ခြံထဲမှာ သူတို့ ၃​ယောက်​က အသားကင်​​​နေကြပြီး ကိုယ်​နဲ့ Min Seok Hyungက  အိမ်​ထဲက မီးဖို​ချောင်​မှာ ထမင်းချက်​လိုက်​ ဆလပ်​ရွက်​​တွေ​ဆေးလိုက်​ အရည်​​သောက်​ကြိုက်​တတ်​တဲ့ ​မောင့်​အတွက်​ ကိုယ့်​မှာ ကျီဂဲ​လေးလည်း မ​မေ့မ​လျော့ ချက်​ရ​သေးတာ။
အိ​မ်​ထဲဝင်​ပြီး ကူပါဆိုတာကို ဘာမှ အားမကိုးရဘူး။

"Baekhyun ​ရေ....ထမင်းအိုး​လေး မီးပိတ်​​ပေးပါဦး....Hyung လက်​​တွေ ​ရေစို​နေလို့...."

"ဟုတ်​ကဲ့....Hyung...."

"ကဲ...ထမင်းလည်း ကျက်​ပြီဆို​တော့ ဆလပ်​ရွက်​​လေး​ဆေးပြီးတာနဲ့ အပြင်​ထွက်​ရ​အောင်​...ပူလာပြီ..."

"ဟုတ်​....ကျွန်​​တော်​လည်း ကျီဂဲ ကျက်​ပြီ Hyung...."

အိမ်​ပြင်​ထွက်​လာ​တော့ ၃​ယောက်​လုံး  အသားကင်​တဲ့​နေရာမှာ မရှိ။
စားပွဲဝိုင်းမှာ ဝိုင်​ခွက်​​တွေ ဝိုင်​ပုလင်း​တွေနဲ့ ​အေး​အေး​ဆေး​ဆေး စကားထိုင်​​ပြော​နေကြတယ်​​လေ။...

"​Jongdae ya....အသားလည်း မကင်​ထားဘူး..."

"Baek....လာ...ဒီကို..."

အင်း....စားပွဲဝိုင်းမ​ရောက်​ခင်​​တည်းက ​မေးလိုက်​တဲ့ Min Seok Hyung ကို ပြုံးပြီးသာ လှမ်း​ကြည့်​​နေတဲ့ Jongdae....
Jongdae တို့ကို ​ငေး​နေရင်း ​သူ့​ဘေးဝင်​ထိုင်​မယ်​လုပ်​​တော့ ခါးက​နေ လှမ်းဆွဲလိုက်​ကာ သူ့​ပေါင်​​ပေါ် ထိုင်​ခိုင်းသူ။...ထိုင်​ရုံတင်​မပြီး​သေးပဲ ​အ​နောက်​က​နေပါ ခါးကို ဖက်ထား​သေးတာ...

"​မောင်​ကလည်း....အားနာစရာကြီး..."

သူ့ဘက်​လှည့်​ကာ တိုးတိုးလှမ်း​ပြောလိုက်​​တော့ တသိမ့်​သိမ့်​တုန်​​​အောင်​ ရယ်​​နေတယ်​​လေ။ ပြီးမှ...

"အားနာစရာမလိုပါဘူးကွာ....အကုန်​လူရင်း​တွေပဲကို...​နော့်​...."

Paradise ♥ Where stories live. Discover now