Paradise ♥ Part-26

11.8K 793 54
                                    

Paradise

Part-26,

ပထမဆုံး အလုပ်​ပြန်​လုပ်​တဲ့​နေ့ဖြစ်​တဲ့အပြင်​ ပြန်​​လေ့လာစရာ​တွေလည်း များတာ​ကြောင့်​ ကျွန်​​တော့်​မှာ ဟန်​မ​ဆောင်​နိုင်​​စွာပဲ ပင်​ပန်း​နေသည်​။ ကျွန်​​တော်​တို့ ညစာစားပြီး သမီးကိုလည်း ဖြည့်​စွက်​စာ ​ကျွေးရ​သေးသည်​။ အစားပုတ်​ အိပ်​ပုတ်​ ဝက်​က​လေးဟာ ဖြည့်​စွက်​စာကိုလည်း အတင်း​ကျွေးစရာမလိုပဲ ဝင်​​အောင်​စားတယ်​​လေ။ ကျွန်​​တော်​ မျက်​နှာငယ်​​လေးနဲ့ ​တောင်းဆိုတိုင်း လိုက်​​လျော​ပေးတတ်​တဲ့ သမီးငယ်​ငယ်​ဟာ Daddy သမီးပီသပါ​ပေတယ်​။

ဧည့်​ခန်းထဲက ခုံမှာ ကာတွန်းကားပြရင်း ဖြည့်​စွက်​စာ​ကျွေး​နေ​တော့ ခုံမှာ မိန့်​မိန့်​ကြီးထိုင်​ကာ ပါးစပ်​ကလည်း တမြုံ့မြုံ့နဲ့ ဝါး​နေ​သေးတယ်​။
မောင်​က အလုပ်​နည်းနည်းပါလာတာမို့ စာကြည့်​ခန်းထဲ ​ရောက်​​နေ​တော့ အ​ရှေ့မှာ ကျွန်​​တော်​တို့ သားအဖနှစ်​​ယောက်​တည်း။

"အာ...Byeol ​လေး...ဟပါဦး.."

ပါး​ဖောင်း​ဖောင်း​လေးက ပလုပ်​ပ​လောင်းနဲ့ တမြုံ့မြုံ့ဝါး​နေတာ ရှဉ့်​​ပေါက်​​လေး သစ်​သီးစား​နေသလို။ တစိမ့်​စိမ့်​ကြည့်​​နေရင်း အသည်းယားတာ​ကြောင့်​ ပါး​ဖောင်း​ဖောင်း​လေးကို အားရပါးရ ​မွှေးကြူ လိုက်​​တော့ နို့နံ့သင်းသင်းရသည်​။ လက်​တုတ်​တုတ်​​လေး​တွေဟာလည်း ​ကောက်​ညှင်းထုပ်ေ​လးအတိုင်းပင်​။ ​ယောက္ခမ​ပြောတာ​တော့ ​မောင်​ ငယ်​ငယ်​ကနဲ့ တစ်​ပုံစံတည်းပဲတဲ့​လေ။

"Aigoo....ခုထိ စား​တုန်းလား သမီးရဲ့..?"

နေရာအနှံ့ ​လျှောက်​နမ်း​နေရင်း ကြားလိုက်​ရတဲ့ အ​နောက်​ဘက်​က အသံ။ ​မောင်​​တောင်​ အလုပ်​ပြီးပြီ....သမီးက ခုထိ စားလို့မကုန်​​သေးတာ။ အစာမ​ကြေမှာစိုးလို့ ဖြည်းဖြည်းစီပဲ ​ကျွေးရသည်​​လေ။ ဖြည့်​စွက်​စာ​ရော နို့ပါ အလွတ်​မ​ပေးတဲ့ ​လောဘကြီးသူ​လေးဟာ ထင်​တိုင်းကြဲပြီး​တော့ကို ဝ​တုတ်​​လေးဖြစ်​​နေ​တာ။

"Baek ပင်​ပန်းလာတယ်​မလား..? နား​ရင်​နား​လေ..​မောင်​ ဆက်​​ကျွေးလိုက်​မယ်​..."

Paradise ♥ Where stories live. Discover now