Paradise ♥ Part-14

13.1K 786 42
                                    

Paradise

Part-14,

ဆိုင်​မှာ မိသားစု​တွေ​ရော သူငယ်​ချင်း​တွေ​ကို​ရော ဧည့်​ခံရင်း အိမ်​​ထောင်​သက်​တစ်​နှစ်​ပြည့်​​နေ့​လေးကို ​ပျော်​ရွှင်​စွာ ဆင်​နွှဲခဲ့တယ်​။ ည​နေဘက်​​ရောက်​​နေပြီမို့ ဘယ်​မှ ​လျှောက်​မသွား​တော့ပဲ အိမ်​ကို ပြန်​ဖို့သာ ဆုံးဖြတ်​လိုက်​တယ်​၊ သို့​​သော်​လည်း ပူစီ​ပေါင်းလေးက မ​ကျေနပ်​။ အမယ်​....​လျှောက်​လည်​ချင်​လိုက်​တာ ဆိုပဲ><

"Aigoo....ကျွတ်​..ကျွတ်​...ကျွတ်​....ပင်​ပန်းလိုက်​တာ...."

"ကဲ...​မောင်​ မ​ပြောဘူးလား....ပင်​ပန်းပါမယ်​လို့၊
ဒါ​တောင်​ ​လျှောက်​လည်​မယ်​​ပြော​သေးတယ်​.."

အခန်းထဲ တန်းဝင်​လာပြီး ကုတင်​​ပေါ်မှာ ထိုင်​ကာ အဘိုးကြီး​လေးလို ညည်း​နေတဲ့ ပူ​စီ​ဖောင်း​လေး...
သူ့ကို ကုတင်​​ပေါ် ချ​ထား​ပေးခဲ့ပြီး သူ လဲဖို့ ကျွန်​​တော့်​ အကျီ င်္တစ်​စုံ ထုတ်​လာလိုက်​တယ်​။

"ဟင်​...ကိုယ်​​တွေပူ​နေတာလား Baek?!!"

နှာ​ခေါင်း​လေး​တွေ မျက်​လုံး​လေး​တွေ ရဲတက်​လာပြီး အပူချိန်​လည်း သိသိသာသာတိုးလာ​တယ်​​လေ။ မဖြစ်​​တော့ပါဘူး။

"အပြင်​ထွက်​လိုက်​တာကိုး ​မောင်​ရဲ့...အဝတ်​အစားလဲပြီး ​ဆေး​သောက်​လိုက်​မယ်​​နော်​..."

"​ဆေးခန်းသွားမလား Baek? ​မောင်​ လိုက်​ပို့မယ်​​လေ.."

"ဟင့်​အင်း....ဒီအတိုင်း​လေး ​မောင့်​ရင်​ခွင်​ထဲမှာ နားချင်​တယ်​"

တီတီတာတာ ​ပြောတတ်​တာက​တော့ ရည်းစားဘဝထဲက​နေ အခုချိန်​ထိ မ​ပြောင်းလဲသွားသလို သူ့ကို ချစ်​တဲ့ အချစ်​​တွေကလည်း ဘယ်​​တော့မှ ​ပြောင်းလဲသွားမည်​မဟုတ်​။

"အချွဲ​လေး....ဒါဆို ခဏ​လေး​နော်​...​မောင်​ အကျီ င်္လဲပြီးလာခဲ့မယ်​"

အဝတ်​လဲ​ပေးရင်း အ​နွေးထည်​​လေးပါ ထပ်​ဝတ်​​စေကာ ကုတင်​​ခေါင်းရင်းကို မှီပြီး ထိုင်​ခိုင်းထားလိုက်​တယ်​။ ​ဆေးခန်းသွားပါမယ်​ဆိုတာကို ​ပြောစကား​နားမ​ထောင်​တဲ့ ပူစီ​ဖောင်း​လေး​ကြောင့်​ ကိုယ်​တိုင်​ပဲ ကိုယ်​ဖိရင်​ဖိ ပြုစုရ​ပေ​တော့မည်​။

Paradise ♥ Where stories live. Discover now