Paradise ♥ Part-15

12.6K 711 31
                                    

Paradise

Part-15,

ည ၂နာရီဝန်းကျင်​။
အိပ်​​မောကျ​နေတဲ့အချိန်​မှာမှ ရုတ်​တရက်​ ခံစားမှု​လေးတစ်​ခု​ကြောင့်​ နိုးလာတဲ့  Baekhyun။
ဘေးက Chanyeol က​တော့ အိပ်​မက်​ကမ္ဘာထဲမှာ တုတ်​တုတ်​မျှ မလှုပ်​။

"​မောင်​...."

စောင်းပြီး အိပ်​လျှက်​ရှိတဲ့ Baekhyun ကို ​နောက်​​က တင်းတင်းဖက်​ရင်း အိပ်​ပျော်​​နေတဲ့ Chanyeol။
ဗိုက်​​ပေါ်က လက်​​လေးကို အသာကိုင်​ပြီး လှုပ်နှိုးလိုက်​​ပေမယ့်​လည်း တုန့်​ပြန်​မှု မရှိ။ ​တော်​​တော်​အားကိုးရတဲ့ ​ယောကျာ်း....

"​မောင်....​မောင်​​ရေ...ခဏ ထဦးလို့.."

အဲ့​တော့မှ လှုပ်​လှုပ်​ရွရွဖြစ်​လာတဲ့ ​ကျောဘက်​က ရင်​ခွင်​ကျယ်​။

"အင်​....ဟင်​....ဘာလို့လဲ Baek..ဘာဖြစ်​လို့လဲ? "

အနည်းငယ်​ ထလာပြီး အိပ်​ချင်​မူးတူးမျက်​လုံးနဲ့ မှုန်​ကုပ်​ကုပ်​ ​မေးလာတဲ့ ​ယောကျာ်းဟာ...ရုပ်​ဆိုးလိုက်​တာကွာ><
ကျွန်​​တော့်​ဘက်​က မီးအိမ်​ကို လှမ်းဖွင့်​​ပေး​နေတုန်း...

"သမီး...သမီး​လေးက ဒီချိန်​ကြီး နိုး​နေတာလား မသိဘူး...?"

"ဟင်​...ဘာလို့လဲ Baek ရဲ့ ? ဗိုက်​နာလို့လား?"

အိပ်​ချင်​မူးတူးနဲ့ ၈လအရွယ်​ ဗိုက်​ပူ​လေးကို နာလို့လား ​မေး​နေတဲ့ Park Chanyeol.....

"အရမ်းလှုပ်​​နေတာ....​byeol ​လေး အရမ်းလှုပ်​​နေလို့ Baek နိုးလာတာ.."

"ဟုတ်​လား..? အရမ်း​နေရခက်​​နေလို့လားဟင်​? ​မောင်​ ဆရာဝန်​ ​ခေါ်​ပေးရမလား?"

"ဒီမှာ ကြည့်​ ကြည့်​"

ဝ​တ်​ထားတဲ့ shirt အကျီ င်္အပွကို ရင်​ဘ​တ်​မ​ရောက်​တ​ရောက်​နားထိ ဗိုက်​​ပေါ်ရုံ လှန်​ပြလိုက်​​တော့ ထွက်​လာတဲ့ ပူပူ ဖြူ ဖြူ လုံးလုံး ပူစီ​ပေါင်း​လေး...
ဒါကိုပဲ Chanyeol လက်​က ထပ်​လှန်​လိုက်​တာ ရင်​ဘတ်​စူစူ​လေး ​ပေါ်တဲ့အထိ>< အသားယူလွန်းတဲ့ Byeol​လေး ​ဖေ​ဖေ...

မုန်​ညှင်းဆီနဲ့ သံလွင်​ဆီ နိုင်​နိုင်​လူးထားတဲ့ ပူစီ​ပေါင်း​လေးကို ကြည့်​ကြည့်​လိုက်​​တော့ လှုပ်​​နေတာ သိသိသာသာ။ ဒါ​ကြောင့်​လည်း Baek အိပ်​မရလို့ နိုးလာတာဖြစ်​မယ်​။

Paradise ♥ Where stories live. Discover now