Paradise ♥ Part-22

11.2K 819 45
                                    

Paradise

Part-22,

"မင်းမျက်​နှာကို မမြင်​ချင်​လို့ ထွက်​သွားလို့ ​ပြော​နေတာ Park Chanyeol!!!!"

အံကိုကြိတ်​ကာ အသက်​ပျင်းပျင်းရှု​နေတဲ့ Baek ဟာ ​တော်​တာ်​ကို ​ဒေါသထွက်​​နေပြီပဲ။ ကုတင်​​ပေါ်က ဆင်းကာ သူ့အနားတိုးသွားပြီး လက်​​မောင်းကို အသာကိုင်​ရင်း မျက်​နှာချင်းဆိုင်​လိုက်​​ပေမယ့်​ ကျွန်​​တော့်​ကို မျက်​နှာလွှဲထားတဲ့ Park Baekhyun

"Baek....ဘာ..ဘာကို စိတ်​တိုတာလဲဟင်​? ​မောင့်​ကို ​ပြော...Baek မ​ကျေနပ်​တာ ​မောင့်​ကို ​ပြော​လေ"

ထိုအခါ သူ့လက်​​မောင်းကို ကိုင်​ထားတဲ့ ကျွန်​​တော့်​လက်​​တွေကို ဆက်​ခနဲ ဖြုတ်​ချပစ်​ပြန်​တယ်​။ ဟူး...​တော်​ရုံ စိတ်​ဆိုးတာ မဟုတ်​။

"မင်း အပြစ်​ မင်းမသိတာလား! ဟုတ်​လား? ​အေး...​ပြောမယ်​.. ငါ့ကို ညီအစ်​ကိုဆက်​ဆံ​ရေးလို့ လိမ်​ထားတာ....သမီး​နေမ​ကောင်းလို့ ​စော​စောစီးစီးပြန်​လာဖို့ အတန်​တန်​မှာလိုက်​တာ​တောင်​ မင်း သူနဲ့ ​သောက်​စား ​ပျော်​ပါးလာတာ... ​ပြော...မင်း ဘာသ​ဘောလဲ Chanyeol? "

"​မဟုတ်​...မဟုတ်​ဘူး။ အချစ်​...​မောင်​ ညီအစ်​ကိုဆက်​ဆံ​ရေးလို့ လိမ်​ထားတာ ဝန်​ခံတယ်​...အဲ့..အဲ့ဒါကလည်း ​မောင့်​ဘက်​က သူ့အ​ပေါ် မရိုးသားလို့ မဟုတ်​ဘူး​...Baek ကို သံသယစိတ်​​တွေနဲ့ စိတ်​ပင်​ပန်းရမှာစိုးလို့...​သွေးနုသားနုအချိန်​မို့ ​မောင်​ Baek ကို မ​ပြောပြခဲ့တာ."

"...."

"ပြီး​တော့ ​မောင်​ သူနဲ့ ​သောက်​လာတာ မဟုတ်​ပါဘူး...တရုတ်​က စီးပွား​ရှင်​​တွေနဲ့ ​​သောက်​တာပါ...မယုံရင်​ ​မောင်​ ဖုန်းဆက်​​ပြီး ​မေး​ပေး​မယ်​​လေ...​နော်​"

"ဒါဆို ဘာလို့ သူက တွဲပြီး ​ခေါ်လာလဲ!!!? ​တော်​...မင်း ​တော်​လိုက်​​တော့...ထွက်​သွား...ငါ့ ​ဒေါသမ​ပြေမချင်း အခန်းထဲ ​ဝင်​လာဖို့ မစဉ်းစားနဲ့!"

ကျွန်​​​တော်​ ကိုယ့်​ဘာသာကိုယ်​ ​သောက်​​နေတာပါ...ဒါကို ဘယ်​လိုလုပ်​ Teddy က ပြန်​လိုက်​ပို့တာလဲ? တရုတ်​ဝိုင်​​တွေနဲ့ ဧည့်​ခံရတာမို့ ​သောက်​စမရှိတဲ့ ကျွန်​​တော်​ တကယ်​ကို မူးလာတာ မှတ်​မိတယ်​။ ​နောက်​ပိုင်း ​သေချာမမှတ်​မိ​တော့​ပေမယ့်​ ကိုကို ဆိုတဲ့ ​ခေါ်သံ​တော့ ကြားမိတယ်​။ ဒါဆို Teddy က ဘယ်​တုန်းတည်းက ​ရောက်​ပြီး ဘယ်​လို...!!!

Paradise ♥ Where stories live. Discover now