Paradise ♥ Part-28

11.1K 838 73
                                    

Paradise

Part-28,

"Pa ~~~ မန်​မန်​"

ကျွန်​​တော်​လည်း ညစာစား Byeol ​လေးကိုလည်း ထမင်း​ပျော့​ပျော့​လေးလုပ်​ကာ ​ကျွေး​နေရသည်​။ အခုတ​လော ​မောင်​က အိမ်​ပြန်​​နောက်​ကျတတ်​တာ​ကြောင့်​ သမီးတာဝန်​အားလုံး ကိုယ်​ပဲ လုပ်​​နေရသည်​လေ,

" အာ...Byeol ​လေး ဟ.."

ထည့်​​ပေးလိုက်​တဲ့ ထမင်းတစ်​ဇွန်းကို ပါးနှစ်​ဖက်​ ​ဖောင်း​ဖောင်း​လေးဖြစ်​​သည်​အထိ တမြုံ့မြုံ့ဝါး​နေ​သော သမီးငယ်​ငယ်​။ ​ခေါင်း​ပေါ်က ကြက်​​တောင်​စည်း ပုစိ​လေးနဲ့ တစ်​တစ်​တုတ်​တုတ်​ ဝက်​သူငယ်​​လေးကို မြင်​သူတိုင်း မချစ်​တဲ့သူမရှိ။ အသည်းယားလို့ နမ်းကြ ရှုံ့ ကြရင်​လည်း သူ့မှာ ​အောင့်​အီးပြီး သည်းခံ​နေရတာ....

"Byeol ​လေး...Daddy က ​နောက်​ကျလိုက်​တာ​နော်​...၇ နာရီ​တောင်​ ​ကျော်​​နေပြီ"

တစ်​လုံးစ နှစ်​လုံးစပဲ ​ပြောတတ်​​သေးတဲ့ သမီး​လေးကို ကြည့်​ပြီး စကား​ပြော​နေရတာလည်း နည်းနည်း​တော့ အထူးအဆန်းဖြစ်​​ပေမယ့်​လို့ သမီးက​လည်း ကျွန်​​တော်​​ပြောတာ မှန်​သမျှ ကြိုးစားပြီး လိုက်​​ပြော လိုက်​လုပ်​တတ်​သည်​။ အလိမ္မာတုံး​လေး.....

ညစာ​ကျွေးပြီး သားအဖ ၂​ယောက် ​ဧည့်​ခန်းမှာ ထိုင်​ကာ အလုပ်​ကိုယ်​စီ လုပ်​​နေကြသည်​။ ကျွန်​​တော်​က Laptop တစ်​လုံးနဲ့ အလုပ်​ရှုပ်​​နေချိန်​ သမီးငယ်​ငယ်​ဟာလည်း သူ့ဝက်​ရုပ်​​လေးနဲ့သူ အလုပ်​ရှုပ်​​နေရှာသည်​။ ​မောင်​က အလုပ်​​တွေ များ​နေတာ​ကြောင့်​ အခုရက်​ပိုင်း အိမ်​မှာ နားနား​နေ​နေ ​နေရတဲ့ရက်​ကို မရှိဘူး​လေ။ အခုလို ​နောက်​ကျ​နေတာသာ ကြည့်​​တော့။

ထိုအချိန်​ ကားသံကြားလိုက်​ရသည်​။ ကားသံကြားပြီဆိုရင်​ကို သူ့ Daddy မှန်းသိတဲ့ သမီးငယ်​ဟာ အ​ပေါက်​ဝထိ ​လေးဘက်​​ထောက်​သွားပြီး ကြိုတတ်​သည်​။ ​​ပေါင်​လုံးတုတ်​တုတ်​​လေး​တွေနဲ့ ဖင်​လုံး​လေးကို ကိုက်​ဆွဲလိုက်​ရရင်​​တော့လား။ အ​နောက်​က လိုက်​ထိန်း​ပေး​နေရတာ​ကြောင့်​ ကျွန်​​တော်​ပါ ကြမ်းပြင်​မှာ ထိုင်​လျှက်​သား။ အဲ့ဒီအချိန်​ ကြားလူ သွားချီကြည့်​ရင်​လည်း ချော့မရ​အောင်​ စိတ်​ဆိုးပြီး ငိုပါလိမ့်​မယ်​။

Paradise ♥ Where stories live. Discover now