Paradise ♥ Part-12

12.3K 842 70
                                    

Paradise

Part-12,

"ဒါဆို အ​ဖေက တစ်​နှစ်​​လောက်​​တောင်​ နားခိုင်းလိုက်​တယ်​​ပေါ့.."

"အင်း...ဟုတ်​တယ်​.."

"Aigoo...​ယောက္ခမကြီးက ​မောင့်​စိတ်​ကို အတပ်​သိ​နေတာပဲ.."

အပြန်​ လာကြိုရင်း ကား​ပေါ်မှာ ​ပြောပြလိုက်​​တော့ ​ကျွန်​​တော့်​ အ​ဖေကပဲ သူ့စိတ်​ကို သိ​နေတာတဲ့​လေ...တကယ့်​ လိပ်​​လေး

"Baek ဘာစားချင်​လဲ...? ​မောင်​ ဘယ်​ကို​မောင်းရမလဲ..?"

"မ​မောင်းနဲ့​တော့ ​မောင်​...Baek ခါးနည်းနည်းနာ​နေလို့ အိမ်​မှာ လှဲချင်​​နေပြီ.."

"ဟင်​....ခါးနာတယ်​....တော်တော်နာနေတာလား ? ​မောင်​တို့ ​ဆေးရုံသွားမလား Baek..?"

"မလိုပါဘူး ​မောင်​ရယ်​...ခါးနာတာက ကိုယ်​ဝန်​ရှိတာ​ကြောင့်​ပါ...ကိုယ်​ဝန်​သည်​တိုင်း ဖြစ်​​နေကျပဲဟာ...."

"အင်းပါ...ဒါဆိုလည်း ​မောင်​ အိမ်​ကို မြန်မြန်​​​မောင်း​ပေးမယ်​​နော်​.."

ပါးနှစ်​ဖက်​က ပါးချိုင့်​​လေး​တွေရဲ့ အကူအညီနဲ့ က​လေး​လေး​တွေလိုကို ချစ်​ဖို့​ကောင်း​နေ​တော့တာပါပဲလား ​မောင်​ရယ်​...

အိမ်​ပြန်​​ရောက်​​တော့ ညစာအတွက်​ ​စော​သေးတာ​ရော ကျွန်​​တော်​ကိုယ်​တိုင်​လည်း ခါးနာ​နေတာ​ကြောင့်​ ​မောင်​က ကုတင်​​ပေါ်မှာသာ လှဲ​စေသည်​။ သူက​တော့ ပင်​ပန်းလာတာ​ကြောင့်​ ​ရေ​နွေး​​လေးစပ်​ပြီး ​ရေဝင်​ချိုး​နေတယ်​။ သူ​ရေချိုး​နေတုန်း ကုတင်​​ဘေးမှာ အားသွင်းထားခဲ့တဲ့ သူ့ဖုန်း​လေးက​နေ ringtone သံ ထွက်​လာတာ​ကြောင့်​ လှဲ​နေရာက ထထိုင်​ပြီး ​ကောက်​ကိုင်​လိုက်​တော့ contact က

" Mi Soo" တဲ့။

"Hello, "

"Oppa...မလာ​သေးဘူးလား..? Mi soo ဒီမှာ​စောင့်​​နေတာကို..."

တစ်​ဖက်​ဖုန်းက​နေ ထွက်​လာတဲ့ အသံ​ဆာဆာ​လေး...
Oppa လို့ ရဲရဲဝံ့ဝံ့​ခေါ်လိုက်​တာ​ကြောင့်​ ဖုန်းမကိုင်​ထားတဲ့ လက်​က တင်းကနဲ ​နေ​အောင်​ ဖြစ်​သွားမိတယ်​။

Paradise ♥ Where stories live. Discover now