Paradise ♥ Part-23

12.2K 809 39
                                    

Paradise

Part-23,

Ting ♬

မလိုဘူးဆိုပြီး အ​ပေါ်တက်​လာကာ အခန်း​အောင်း​နေတဲ့ ကျွန်​​တော်​တို့ သားအဖ...သမီး ချိုချိုစို့​နေတဲ့အချိန်​ ဖုန်းက​နေ message သံ​လေး ထွက်​လာတယ်​။ ​ကြည့်​မိလိုက်​​တော့...

"Baek...​မောင်​​တောင်းပန်​ပါတယ်​ကွာ...Baek က ​မောင့်​ကို မျက်​နှာချင်းမဆိုင်​လို့ ​မောင်​ အခုလို စာပို့လိုက်​ရတာ...​မောင့်​ကို ခွင့်​မလွှတ်​နိုင်​ဘူးလားဟင်​? ​မောင်​ မှားမှန်းသိပါပြီ။ ​မောင်​က Baek စိတ်​ပူပြီး သံသယဖြစ်​​နေတာမျိုး မကြည့်​ရက်​လို့ သူ ​မောင့်​အ​ပေါ် စိတ်​ရှိ​နေတာ မ​ပြောပြခဲ့တာပါ...ပြီး​တော့ သူနဲ့အတူတူ ​သောက်​လာတာလည်း လုံးဝမဟုတ်​ရပါဘူးကွာ...​မောင်​ သမီးကို တိုင်​တည်​ပြီး ကျိန်​ပါ့မယ်​။ ဦး​လေးဆီက ​လိပ်​စာ​မေးသွား​ပေမယ့်​ ​နေ့လည်​တည်းက ​ရောက်​​နေတာ မဟုတ်​ပါဘူး....​မောင်​ မူး​နေတဲ့အချိန်​မှ သူ ​ရောက်​လာတာပါ....​မောင်​ baek နဲ့ Byeol ​လေးရဲ့ အ​ဝေးမှာ ​ရောက်​​နေသလို ခံစားရတယ်​...​မောင်​ မ​နေတတ်​ဘူး Baek ရဲ့...အခုလည်း ​မောင်​ Jongdae တို့နဲ့ အပြင်​မှာချိန်းထားမို့ ထမင်း​လေး​တော့ ဆင်းစားလိုက်​​နော်​....စိတ်​ဆိုး​ပြေပါ​နော်​ Baek ♥ ♥ " ဆိုတဲ့ message ရှည်​တစ်​​စောင်​....

စာနဲ့ပဲ ​တောင်းပန်​ရတယ်​ရှိ​သေးတယ်​​။ အခန်း​ရှေ့မှာ လာ​ပြောပြပြီး ​သေချာ​တောင်းပန်​ရင်​ ဘယ်​သူက တံခါးမဖွင့်​​ပေးမှာ ကျ​နေတာပဲ။
ပြီး​တော့ ည​နေ၅နာရီ​ကျော်​ကြီး အပြင်​ထွက်​သွားတယ်​။ Teddy က ခုထိ အ​မေရိကန်​ကို မပြန်​​သေးရင်​ ဘယ်​လိုလုပ်​မလဲ။ ဘာမှကို မစဉ်းစားတတ်​ဘူး...ငတုံး​လေး

သူမရှိဘူးဆိုတာ​ကြောင့်​ ​အောက်​ကိုဆင်းကာ ညစာစားဖို့ ပြင်​လိုက်​တယ်​။ ​အောက်​​ရောက်​တုန်းပဲ ရှိ​သေးတယ်​ ​ရောက်​​နေတာက ကျွန်​​တော့်​အိမ်​က ကား.....

"Byeol ​လေး!!!"

ကား​ပေါ်က ဆင်းတာနဲ့ သမီးငယ်​နာမည်​ကို ​အော်​ပြီး ​ပြေးဆင်းလာတဲ့ Yoon ​လေး....အ​နောက်​မှာမှ မရီးနဲ့ ​မေ​မေနဲ့က ဖြည်းဖြည်းချင်းဆင်းလာတယ်​။

Paradise ♥ Where stories live. Discover now