Paradise ♥ Part-9

13.7K 847 31
                                    

Paradise

Part-9

"Baek....​.."

"ဘာလဲ!!!!"

"စိတ်​မဆိုးပါနဲ့​တော့ Baek ရယ်​​....​မောင်​ ၂ ရက်​ပဲ ကြာတာ​လေ...​နော်​.. ခု ပြန်​​ရောက်​နေပြီပဲဟာ..."

"မသိဘူး....လုပ်​ချင်​တာ လုပ်​​သွားတဲ့ သူနဲ့ စကားမ​ပြောချင်​ဘူး... "

ဂျပန်ကိုသွားတာ ၂  ရက်​​လေးပဲ ကြာ​ပေမယ့်​ ၂ နှစ်​​လောက်​ကြာသွားတဲ့အတိုင်း စိတ်​​ကောက်​​နေ​လေရဲ့...
သူ မနက်​စာ စား​နေတာကို ​ဘေးက ခုံမှာ ဝင်​ထိုင်​ပြီး ​ချော့​နေတာ...
စကားမ​ပြောချင်​လည်း ရတယ်​...​စိတ်​ရှည်​ရှည်​နဲ့ ​ချော့ရမှာ ကိုယ့်​တာဝန်​ပဲ ><

"Baek ကလည်းကွာ....​မောင်​ ​တောင်းပန်​တယ်​​လေ​နော်​....​မောင့်​ကို ပြန်​​ခေါ်​နော်​....​နော်​...​နော်​ Yeobo...​မောင့်​ကို ​ခေါ်မယ်​မလားဟင်​.."

က​လေးတစ်​​ယောက်​လို ဂျစ်​တိုက်​ပြီး ​ချော့​နေမိ​တော့ သူက စားလက်​စ ဇွန်းကို စားပွဲခုံ​ပေါ် ​ဆောင့်​ချကာ...

"Park Chanyeol shi!!! ခင်​ဗျားက က​လေးအ​ဖေ​နော်​....မြင်​လား....ဒီဗိုက်​ကို မြင်​လား...မပူ​သေးလည်း မြင်​ရတယ်​မလား....တကယ်​တည်း က​လေးကလားနဲ့  >< စကားမ​ပြောချင်​ပါဘူးဆိုမှ..."

"အား....Baek ရယ်​ ​မောင်​ အသည်းယားလွန်းလို့ ဘယ်​လိုလုပ်​ရမလဲကွာ...ဟင်​.."

ပြောရင်းနဲ့ ​ရှေ့နားတိုးပြီး သူ့ပါး​​ဖောင်း​ဖောင်​​လေးကို ဖိနမ်းလိုက်တော့ မျက်​​စောင်းခပ်​ကြီးကြီး ထိုးသွားသည်။
အင်း...အ​ခြေအ​နေ ​ကောင်း​နေပြီဆိုရမယ်​။

"အခုမှ အပိုတွေ လုပ်မနေနဲ့ !!! အမြင်​ကိုကတ်​တယ်​....၂ ရက်​လုံးမှာ ဖုန်း၃ခါပဲ ဆက်​ပြီး​တော့များ ခုမှ လာပြန်​​ချော့​နေတယ်​..."

မကျေမနပ်နဲ့ နှုတ်ခမ်းလေး ဆူပြီး ပြောနေတဲ့ အသည်းဦး , နှုတ်ခမ်းမှာပေနေတဲ့ ဟင်းအဆီလေးတွေကို တစ်ရှူးနဲ့ အသာသုတ်ပေးလိုက်သည်။ ထို့နောက် သူ့ခါး​လေးကို တိုးဖက်​လိုက်​ရင်း.....

"အဲ့ ၃ခါလုံး​ရော Baek က ဖုန်းကိုင်​လို့လား...? ​မောင့်​မှာ ​နေမှ​ကောင်းပါ့မလားလို့ စိတ်​ပူ​နေရတာ...အိမ်​ဖုန်းကိုဆက်​ပြီး အ​ဒေါ်ကြီးက ​နေ​ကောင်း​ကြောင်းပြန်​​ဖြေမှသာ ​မောင်​ စိတ်​​အေးရတာ....သိလား....အဲ့ဒါ ခင်​ဗျား​လေး သိရဲ့လား..."

Paradise ♥ Where stories live. Discover now