နိဒါန်း [U]

28.4K 793 0
                                    

နေကြာတွေက
သူတို့ဘဝ ရှင်သန်နိုင်ဖို့
နေမင်းကြီးကို မျက်နှာမူကြတယ်။
ကျွန်တော်ကတော့
ကျွန်တော့်ကမ္ဘာမှာ ဘယ်ကြယ်မှ
ထွန်းလင်းမလာတော့အောင်
ဘာကိုမှ လှည့်မကြည့်နိုင်လောက်အောင်
မျက်နှာမူထားတဲ့ အရပ်က
အနီးဆုံးက ကြယ်ပွင့်လေးဆီကိုပဲ။
ဒီကြယ်ပွင့်လေး မကြွေသရွေ့
ကျွန်တော် သူ့ကိုချစ်တဲ့အချစ်က
ဘယ်သူ့အတွက်ကြောင့်မှ
ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။

ရိန်း (Rain)

ချစ်ရတဲ့သူကို
ကျွန်တော့်အဝေးဆုံးကို
တွန်းပို့ပစ်ရတာ
ဘယ်လောက်နာကျင်ရလဲဆိုတာ
ကိုယ်သာ အသိဆုံးပဲ မဟုတ်လား။
လွဲမှားနေတယ်လို့
လူတွေပြောကြတဲ့ ဘဝကနေ
ကျွန်တော် သူ့ကို ပြောင်းလဲပေးချင်တယ်။
ကျွန်တော်ကိုယ်တိုင် သူ့ကို
အဝေးရောက်အောင်
နာနာကျင်ကျင် တွန်းထုတ်ခဲ့ရပေမယ့်
သူကတော့ ကျွန်တော်ပျော်နေတယ်ပဲ ထင်ခဲ့မှာ။
အဲ့ဒီလို အထင်ခံရအောင်
ကိုယ့်ရင်ကို ကိုယ့်ဘာသာ ခွဲခဲ့ရတာလေ။
အချစ်ဆိုတာ ကျွန်တော့်အတွက်တော့
နာကျင်မှုပါပဲ။

(ကြယ်စင်)

A/N
SE မဟုတ်ပါဘူး။ ပျော်ပျော်ရွှင်ရွှင် ဇာတ်သိမ်းထားတဲ့ HE ပါ။

More than a friendship [Completed]Where stories live. Discover now