အခန်း ၇ (U)

5.1K 380 0
                                    

ကြယ်စင်က ယမင်းဆီ ဖုန်းကို တောက်လျှောက်ခေါ်နေတာ။ ခြံရှေ့မှာ စောင့်နေတယ်။ ခဏထွက်လာပေးပါတဲ့။ ဟိုနေ့ညက ကြယ်စင်မမှားဘူးဆိုတာ ယမင်းသိပါသည်။ အဲ့ဒီနေ့က အဖြစ်မှန်တစ်ခုကို ယမင်းကိုယ်တိုင် လက်မခံချင်သေးဘူး။ အဲ့ဒီညက ကြယ်စင့်ကို ယမင်း ရင်ခုန်ခဲ့ပါသည်။ ဒါက မဖြစ်သင့်ဘူး မဟုတ်လား။

ရိန်းကိုပဲ ယမင်းချစ်တာလေ။ ကြယ်စင့်ကို ဘာလို့ ရင်ခုန်ရမှာလဲ။ ကိုယ့်ခံစားချက်ကို ယမင်းဘာသာ ဆန်းစစ်မိသည်။ ရိန်းကို တကယ်ချစ်ခဲ့တာလား။ ဒါမှမဟုတ် ယမင်းလို အချောအလှလေးကိုမှ ရိန်းက ဂရုမစိုက်ခဲ့လို့ပဲ အလှမာနကြောင့်နဲ့ လွဲမှားခဲ့တာလားဆိုတာ။ ဟိုဒီစဥ်းစားတွေးတောနေမိကာ နောက်ဆုံးမှာ ဆုံးဖြတ်ချက်တစ်ခုကို ယမင်းချလိုက်သည်။

"ကြယ်စင်"

"သြော်.. ယမင်း လာပြီလား"

ခြံတံခါးတွန်းဖွင့်ပြီး ခြံပြင်ကို ထွက်လာသော ယမင်းကို ကြယ်စင် အနူးညံ့ဆုံး ပြုံးပြလိုက်သည်။ ဟိုနေ့ညက ကြယ်စင် ကိုယ့်ကိုယ်ကိုယ် မှားမှန်းသိသည်။ အဲ့ဒါကြောင့်လည်း ယမင်းကို တောင်းပန်ချင်လို့။

"နင့်ကို ထွက်တွေ့မယ်လို့ မပြောမိပါဘူး၊ နင် ဘာလို့ စောင့်နေရတာလဲ၊ ငါထွက်မတွေ့ရင် ဘယ်အချိန်ထိ စောင့်နေမှာလဲ အရူးရဲ့"

"ငါက မင်းကိုချစ်နေတာလေ ယမင်း၊ မင်းတွေ့ချင်မယ့်အချိန်ထိကို ငါစောင့်မှာပေါ့၊ ဟိုနေ့က ကိစ္စကို ငါတောင်းပန်ပါတယ်၊ မင်းမကြည်ဖြူရင် အဲ့ဒီလိုထပ်မလုပ်တော့ပါဘူး၊ ငါကတိပေးတယ်၊ ငါ့ကို ခွင့်လွှတ်ပါ ယမင်းရာ"

"အခုချိန်မှာ နင့်ကို ခွင့်လွှတ်တယ်၊ ခွင့်မလွှတ်ဘူးဆိုတာထက် ငါ့ကိုယ်ငါ ဆန်းစစ်ရမယ့်အချိန်ကို ရောက်နေတယ် ကြယ်စင်၊ အဲ့ဒါကြောင့် ငါပြောမယ်၊ ငါပြောတာကို နင်လက်ခံပေးမလား"

ယမင်း ဘာကိုပြောချင်နေတာမှန်း ကြယ်စင် သိပ်ပြီး နားမလည်ပေမယ့် ယမင်းနဲ့ အရာအားလုံး အဆင် ပြေချင်လို့ ခေါင်းညိတ်ပြလိုက်သည်။

"နင့်ကို အမှန်အတိုင်း ပြောပြမယ်၊ နင်နဲ့ ချစ်သူဖြစ်ခဲ့ရတာက တကယ်တော့ လူတစ်ယောက်ကြောင့်"

More than a friendship [Completed]Where stories live. Discover now