အခန်း ၄ (U)

6.2K 473 4
                                    

ခေါနုသုမ်မှပြန်လာပြီး သုံးလမြောက်မှာ ရိန်းတို့တွေ အတန်းတင် စာမေးပွဲကို ဖြေရသည်။ စာမေးပွဲဖြေပြီး နွေရာသီကျောင်းပိတ်ရက် တစ်ရက်မှာ ...

"ကြောင်နဲ့ကြွက် နှစ်ကောင်၊ ဒီကိုလာကြဦး၊ တီလေး သားတို့ကို ခိုင်းစရာရှိလို့"

"ဟုတ်၊ လာပြီ တီလေး"

တီလေးက သစ်ခွစင်တွေကြားကနေ ရိန်းတို့ကို အသံ ပြုလာသည်။ရိန်းနဲ့ကြယ်စင်လည်း အိမ်ရှေမြက်ခင်း ပြင်မှာ ဖျာတစ်ချပ်ခင်းပြီး စာအုပ်ဖတ်နေရာကနေ တီလေးဆီကို ရောက်သွားကြသည်။

"ရိန်းရေ ဒီပန်းတွေကို စကားဝါလမ်းက ခြံနံပါတ် ၁၅ ကို သွားပို့ပေး၊ ကြယ်စင့်ပါ ခေါ်ချင်ခေါ်သွား"

"ဟုတ် တီလေး"

တီလေးက ပန်းစိုက်တာ ဝါသနာပါသလို လက်လည်း တော်တော်ဖြစ်သည်။ စီးပွားဖြစ် ပန်းရောင်းစားတာမျိုး မဟုတ်ပေမယ့် အသိမိတ်ဆွေတွေက တောင်းဝယ်လာရင်တော့ ရောင်းပေးတတ်သည်။ အခုလည်းပန်းဆီရောင် စိုရဲနေတဲ့ သစ်ခွပန်းတွေကို သတင်းစာနဲ့ သေချာထုပ်ပိုးပေးလာသည်။ ရိန်းလည်း ပန်းစည်းသွားပို့ပေးဖို့ ဆိုင်ကယ်ကို စက်နှိုးလိုက်သည်။ကြယ်စင်က ဆိုင်ကယ်အနောက်က ခွထိုင်ကာ ပန်းစည်းကို ကိုင်ထားပေးသည်။

"သွားပြီနော် တီလေးရေ"

"အေး သွားသွား၊ ပန်းစည်းကို သေချာကိုင်သွားနော်၊ မကျိုးစေနဲ့"

"စိတ်ချပါ၊ တီလေး ပန်းတွေ ဘာမှမဖြစ်စေရဘူး"

ရိန်းက တီလေးကို ပြီတီတီရုပ်လေးနဲ့ ပြန်ပြောပြီး ဆိုင်ကယ်ကို ခြံထဲက မောင်းထွက်လိုက်သည်။ ဦးတရုတ်ကြီးက တံခါးပြေးဖွင့်ပေးသည်။ စကားဝါလမ်း၊ ခြံအမှတ် ၁၅ ကို ရောက်တော့ ကြယ်စင်က ဆိုင်ကယ်ပေါ်က အရင်ဆင်းပြီး ခြံတံခါးအနားကို လျှောက်သွားကာ လူခေါ်ဘဲလ်ကို တစ်ချက်နှိပ်လိုက်သည်။

"ကြယ်စင် မင်း ဒီကပဲ ပြန်စောင့်နော်၊ ဆိုင်ကယ် ဆီလျော့နေလို့ ဟိုဘက်လမ်းမှာ ဆီသွားဖြည့်လိုက်ဦးမယ်"

More than a friendship [Completed]Where stories live. Discover now