အခန်း ၂ (Z)

4.3K 243 4
                                    

တီလေး၏ ဘုရားဝတ်ပြု ကြေးစီထုသံကြားမှ ရိန်းလည်း အိပ်ရာနိုးလာသည်။ နာရီကို တစ်ချက်ကြည့်တော့ မနက် ၅ နာရီခွဲပဲရှိသေးသည်။ ဟိုဘက်ကုတင်ကို လှမ်းကြည့်လိုက်တော့ ကြယ်စင်က အိပ်ကောင်းနေတုန်း။ ခြုံထားတဲ့စောင်ကလည်း ကုတင်အောက်ကို တစ်ဝက်လျှောကျနေသည်။ ကျန်တစ်ဝက်ကို ခြေထောက်အောက်မှာ ဖိပစ်ထားသည်။

ရိန်း ကုတင်ပေါ်မှ ထလာလိုက်သည်။ ကြယ်စင့်ခြေ ထောက်အောက်မှာ ဖိပစ်ထားတဲ့စောင်ကို ဆွဲယူပြီး ပြန်ခြုံပေးလိုက်ရင် ကာလနဂါးလေးက နိုးသွားမှာ သေချာသည်။ ကြယ်စင် အိပ်ရေးမဝရင် နဂါးမျက်စောင်း အထိုးခံရမှာမို့ ရိန်းက ကိုယ့်စောင်ကိုပဲ ကြယ်စင့်ပေါ်ကို ထပ်ခြုံပေးကာ ရိန်းလည်း တစ်ခါတည်း ရေချိုးခန်းထဲ ဝင်လာလိုက်သည်။

ကြယ်စင့်သွားတိုက်တံကို ဆွဲယူကာ သွားတိုက်ဆေးထည့်ပြီး ဖန်ခွက်ပေါ် ကို တင်ထားပေးလိုက်သည်။
နောက်ထပ် သွားတိုက်တံကို ဆွဲယူကာ ရိန်းလည်း သွားတိုက်ပြီး မျက်နှာသစ်လိုက်သည်။ ရေချိုးခန်းမှ ပြန်ထွက်ကာ ပြတင်းပေါက်ကို ဖွင့်ထုတ်ပြီး အပြင်ဘက်ကိုကြည့်လိုက်တော့ ရာသီဥတု သာယာလျက် ရှိသည်။ ရိန်းလည်း ညဝတ်အင်္ကျီကို ချွတ်လဲကာ အားကစားဝတ်စုံကို ပြန်ဝတ်ဆင်ပြီး အိမ်အောက်ထပ်ကို ပြေးဆင်းလာလိုက်သည်။

"တီလေးရေ weather fine လို့ ကျုံးဘက်ကို ပြေးလိုက်ဦးမယ်၊ ကြယ်စင်နိုးလာရင် မပြန်ခိုင်းနဲ့ဦး၊ သူ့ကို ပေးစရာရှိလို့"

ရိန်းက ဖိနပ်စင်ကနေ Walking Shoe တစ်ရန်ကို ကောက်ယူပြီး ထိုင်ခုံပုလေးပေါ်ထိုင်ကာ ဖိနပ်ကြိုးကို စည်းနေရင်း တီလေးကို လှမ်းပြောရသည်။ တီလေးက နှင်းဆီတွေနဲ့ ကြယ်ပန်းတွေကို ကတ်ကြေးနဲ့ညှပ်ကာ အလှပန်းအိုးထိုးနေရာမှ ရိန်းကိုလည်း လှမ်းကြည့်သည်။

"ကဲ ..ကိုယ့်ဘာသာ သွားမှသာ သွားစမ်းပါ၊ သားသူ ငယ်ချင်းက သားပြန်လာလို့ နိုးနေရင် ကံကောင်း"

"ဟုတ် ဟုတ်"

တီလေးက အပျိုကြီးပီပီ ရိန်းကို ပွစိပွစိပြန်ပြောလာတာမို့ ရိန်းလည်း ဆိုင်ကယ်မောင်းပြီး ကျုံးဘက်ကို ထွက်လာလိုက်သည်။ ကျုံးကို ရောက်တော့ ကျန်း မာရေးလိုက်စားတဲ့ ဦးလေးကြီးတွေပင် အားကစားလေ့ကျင့်ခန်း လုပ်နေကြပြီ။ ရိန်းလည်း ဆိုင်ကယ်ကို ထိုးရပ်ပြီး ကျုံးရှေ့လျှောက်လမ်းအတိုင်း ပြေးလိုက်သည်။

More than a friendship [Completed]Where stories live. Discover now