အခန်း ၁၄ (Z)

5.1K 297 0
                                    

ရိန်းတို့အဖွဲ့သည် ည ၈ နာရီတွင် ရန်ကုန်လေဆိပ်ကို ရောက်လာကြသည်။ ရန်ကုန်မှာ တစ်ညအိပ်ကာ နောက်တစ်ရက်တွင် ကလေးမြို့ကို သွားရောက်ရန် လေယာဉ်ထပ်စီးရသည်။ ကလေးလေဆိပ်တွင် IPO ရုံးချုပ်ဘက်က လှမ်းချိတ်ပေးထားတဲ့ ဒေသရုံးက ဦးဇော်မျိုးလွင်က ရိန်းတို့ကို လာကြိုသည်။ ကလေးမြို့မှတစ်ဆင့် တွန်းဇံမြို့ကို ကားစီးပြီး ထပ်သွားရသည်။ တွန်းဇံရောက်တော့ ရိန်းတို့လည်း အတော်လေး ခရီးပန်းနေကြပြီ။

"ဒေါက်တာရိန်း ဒေါက်တာက မြန်မာဆို"

ရိန်းတို့အဖွဲ့ တည်းခိုကြမည့် ထင်းရှူးရိပ် ဟိုတယ်ကို ရောက်တော့ ရိန်းတို့ကို လာကြိုပေးတဲ့ ဦးဇော်မျိုးလွင်က ဝမ်းသာအားရအသံနဲ့ ရိန်းကိုမေးလာသည်။

"ဟုတ်တယ်ဗျ၊ ကျွန်တော်က မြန်မာပဲ၊ ကမ်ပိန်းမှာ ကျွန်တော်ပဲ ဟောပြောမှာ"

"အဲ့ဒါဆို ကောင်းတာပေါ့၊ မြန်မာဆိုတော့ ကျွန်တော်တို့အတွက် ပိုအဆင်ပြေတာပေါ့"

ဦးဇော်မျိုးလွင်သည် ဟိုတယ်က တာဝန်ရှိသူတွေကို ရိန်းတို့အဖွဲ့ကို ဂရုစိုက်ပေးဖို့ မှာကြားပြီးမှ ဟိုတယ်က ပြန်သွားသည်။ ရိန်းတို့လည်း အခန်းရတာနဲ့ ခရီး ပန်းတာတွေပျောက်အောင် ရေအရင်ချိုးကြသည်။ ခဏအကြာမှာ Dinner Call ဝင်လာသည်။ အဲ့ဒါနဲ့ ရိန်းတို့အားလုံး ဟိုတယ်စားသောက်ခန်းကို ဆင်းလာလိုက်ကြသည်။

"ဟေး ရိန်း ဒါက ဘာလဲ"

"အဲ့ဒါက နွားနောက်သားကို သုပ်ထားတာ"

"ဪ..အဲ့ဒီလိုလား"

ဟာရူတိုသည် အခုမှပဲ နွားနောက်သားသုပ်ကို တစ်ဇွန်းလှမ်းယူစားကာ အရသာခံသည်။ ဝါးရင်းဝါးရင်း အရသာတွေ့သွားသည့် မျက်နှာနဲ့ ပြုံးယောင်သမ်းလာသည်။

"Wow! So delicious."

ဟာရူတိုက နွားနောက်သားကို အကြိုက်တွေ့သွားပြီမို့ တစ်ဇွန်းပြီးတစ်ဇွန်း ခပ်ယူစားတော့သည်။ ရိန်းကလည်း ပြောင်းဖူးခေါင်ရည်ကို လျှာဖျားဆွတ်ရုံလေး အရသာခံကာ သောက်သည်။ချင်းခေါင်ရည်က မချိုမခါး အရသာပေါ့ပေါ့လေး။ ရိန်း သောက်တာကိုမြင်တော့ ဟာရူတိုကလည်း ခေါင်ရည်ယူသောက်သည်။ ဟာရူတိုသည် ခေါင်ရည်ကို မသောက်ဖူးသေးတာမို့ မျက်နှာတစ်မျိုး ဖြစ်သွားသည်။

More than a friendship [Completed]Where stories live. Discover now