အခန်း ၁၁ (U)

5.1K 369 5
                                    

ရိန်းသည် ကြယ်စင့်ရှေ့က ပြေးထွက်လာကာ ကိုယ့်အိမ်ကို တချိုးတည်း ပြေးလာလိုက်သည်။ အိမ်ထဲကို ကမူးရှူးထိုး ပြေးဝင်လာတဲ့ ရိန်းကို မေမေနှင့်တီလေးကလည်း အလန့်တကြား လှမ်းကြည့်ကြသည်။

"သားရိန်း ဘာဖြစ်လာတာလဲ သား"

"ဘာမှမဖြစ်ဘူး မေမေ၊ ကျွန်တော်တစ်ယောက် တည်း နေချင်တယ်"

မေမေမေးတာကို ရိန်း စကားများများ ပြန်မဖြေနိုင်ပါ။ ရိန်းရဲ့အခန်းရှိရာ အပေါ်ထပ်ကိုသာ ပြေးတက်လာလိုက်သည်။ အခန်းထဲရောက်တာနဲ့ အားမရှိတော့သလို အခန်းတံခါးကို ကျောမှီကပ်ကာ ကြမ်း ပြင်ပေါ် ထိုင်ချပစ်လိုက်သည်။ ရင်ထဲမှာ နာကျင်ခံ စားရလွန်းလို့ မျက်ဝန်းကနေ မျက်ရည်တွေသည် ပိုးပိုးပေါက်ပေါက် လိမ့်ဆင်းစီးကျလာသည်။

"ငါ့ကို ဘာလို့မုန်းတာလဲ ကြယ်စင်၊ မင်းကိုချစ်မိတာ သေလောက်တဲ့အပြစ် ဖြစ်သွားလား၊ ပျောက်ကွယ်ပေးပါတဲ့လား၊ ငါမရှိရင် ပျော်တယ်ပေါ့၊ ငါမရှိလည်း မင်းက ရှင်သန်နိုင်တယ်ပေါ့၊ ဟုတ်လား ကြယ်စင်"

"မင်းက ရှင်သန်နိုင်ပေမယ့် ငါက မရှင်သန်နိုင်ဘူး၊မင်းမရှိရင် ငါသေမှာ၊ မင်းက ပျောက်ကွယ်ပေးပါဆိုတော့လည်း မင်းရဲ့စကားကို အလေးထားပေးရမှာပေါ့၊ ဒီကမ္ဘာကနေ ပျောက်ကွယ်ပေးမယ် သိလား"

"ကိုယ့်ကိုယ်ကိုယ်သတ်သေရင် အဖန်ငါးရာငါးကမ္ဘာ ပြန်ခံရတယ်တဲ့၊ အဲ့ဒါတွေ ကျွန်တော်မသိဘူး၊ ကျွန် တော် သူ့အရှေ့က အပြီးတိုင် ပျောက်ကွယ်သွားဖို့က ဒီနည်းပဲရှိတာ၊ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ ဘယ် နှစ်ကမ္ဘာပဲ ပြန်ခံခိုင်း ပြန်ခံခိုင်း၊ ဒီဘဝမှာ ကျွန်တော် အခုသေမှဖြစ်မယ်၊ အဲ့ဒါမှ သူပျော်မှာ"

ရိန်း အသိစိတ်လွတ်နေပြီ။ ရိန်းသည် ကမူးရှူးထိုးနဲ့ပဲ ရေချိုးခန်းကိုပြေးဝင်ကာ မျက်လုံးအစုံက ကျီးကန်းတောင်းမှောက်နဲ့ ဘရိတ်ဓားကို ရှာသည်။ဂျုတ်ထဲက ဘရိတ်ဓားကို ဆွဲထုတ်ယူကာ လက်ကောက်ဝတ်က သွေးကြောကို ဖြတ်သည်။ဘရိတ်ဓား တစ်ချက်ပြတ်ကတည်းက လက်ကောက်ဝတ်ကနေ သွေးတစိမ့်စိမ့် စီးကျလာသည်။

More than a friendship [Completed]Where stories live. Discover now